DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့အနီး ချောက်ထဲ၌ ပျောက်ဆုံးအိမ်စီးကား တွေ့ရှိ၊ လူ ၂ ဦး သေဆုံးလျက်တွေ့
DVB
·
October 12, 2017
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့နေ ချင်းပြည်နယ် တီးတိန်ကို တက်သွားတဲ့ ကားတစီး ပျောက်ဆုံးနေမှု ၁၁ ရက် မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ တီးတိန်မြို့မရဲစခန်းက သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မောင်ထပ်ကပ်ဆုမ်းဆိုသူ မောင်းနှင်ပြီး မောင်ဒေါင်းခန့်ရှင်း လိုက်ပါလာတဲ့ မောင်ဒေါင်းခန့်ရှင်းက တီးတိန်မြို့နေ မိခင်ဖြစ်သူ ဒေါ်နိမ်ဂိုးမန်ထံ ကားနဲ့ လာခဲ့ပြီဖြစ်ကြောင်း ဖုန်းနဲ့အကြောင်းကြားခဲ့ပြီး အချိန်ကျော်လာတဲ့အထိ ရောက်မလာတာကြောင့် ၁၀ ရက်နေ့မှာ မောင်ဒေါင်းခန့်ရှင်းဖခင်နဲ့ ဆွေမျိုးတစုတို့ လိုက်လံရှာဖွေခဲ့ရာကနေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ပျောက်ဆုံးနေတဲ့ Surf အနက်ခရမ်းရောင်စပ် ကားဟာ ကလေး-တီးတိန် ချင်းတောင်လမ်းပေါ် တီးတိန်မြို့ရဲ့ အရှေ့တောင်ဘက် ၁၉ မိုင်လောက်အကွာ ဟိန်းဇိန်ကျေးရွာအနီး တောင်ပေါ်လမ်း မိုင်တိုင်အမှတ် ၂၈/၇ နဲ့ ၂၉ အကြား ချောက်ကမ်းပါးအောက် ပေ ၆၀၀ လောက် အနက်ထဲမှာ ၁၁ ရက်နေ့ မနက်ပိုင်းမှ တွေ့ခဲ့တာ ဖြစ်ပါတယ်။

မော်တော်ကားကတော့ လုံးဝပျက်စီးနေတဲ့ အနေအထားဖြစ်နေပြီး ယာဉ်မောင်းခဲ့သူ ထန်ကပ်ဆုမ်းနဲ့ မောင်ဒေါင်းခန့်ရှင်းတို့ကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ အလောင်းတွေကို တီးတိန်ရဲတပ်ဖွဲ့ကနေ တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် စစ်ဆေးမှာဖြစ်ပြီး သေဆုံးသူ ယာဉ်မောင်း ထန်ကပ်ဆုမ်းကို ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်၍ ချောက်ထဲပြုတ်ကျ လူသေစေတဲ့ မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄က/၂၇၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013