DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ရေကြီးရေလျံ ဖြစ်ပွားနေ (ဓာတ်ပုံ)
DVB
·
October 12, 2017
မန္တလေးမြို့တွင် ရေကြီးရေလျံ ဖြစ်ပွားနေ (ဓာတ်ပုံ)
1 / 11
Donate to DVB

 

မန္တလေးမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့ညကနေ တညလုံး ရွာခဲ့တဲ့မိုးကြောင့် လမ်းတွေပေါ်မှာ ရေကျော်ပြီး  ရေကြီးရေလျံ ဖြစ်ပွားနေပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၅ လမ်းနဲ့ ၈၉ လမ်း၊ ၃၈ လမ်း၊ ၃၉ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်း၊ အရာတော်ရပ်ကွက်၊ မန်းတော်သာရပ်ကွက်တွေနဲ့ လမ်းမပေါ်တွေမှာ ရေကြီးရေလျှံဖြစ်ပွားခဲ့တာပါ။

ဒါ့ကြောင့် မန္တလေးမြို့တော်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မနက်ကျောင်းသွားတဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ အလုပ်သွားတဲ့ပြည်သူလူထုတွေ သွားလာနိုင်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။

မိုးကြောင့်တမြို့လုံးနီးပါးရေကြီးရေလျှံခဲ့လို့  အဓိကလမ်းမကြီးတွေဖြစ်တဲ့ လမ်း ၃၀၊၃၅လမ်းညတစ်လျှောက်သွားလာရခက်ခဲနေပြီး ခုနှစ်ထဲမှာ အဆိုးဆုံးဖြစ်ပွားတာလို့ မြို့ခံတွေက ပြောပါတယ်။

ယခင်အစိုးရလက်ထက်က မန္တလေးမြို့ကို ပတ်လည်စီးဆင်းနေတဲ့ ရေမြောင်းဘေး အကွက်ရိုက်ခဲ့တာတွေကြောင့်မြောင်းတွေ တိမ်ကောလာပြီး မိုးသည်းထန်စွာ ရွာသွန်းလာတဲ့အခါ ရေစီးဆင်းမှု အားနည်းသွားကာရေကြီးရေလျှံတာဖြစ်တယ်လို့ ဝေဖန်မူတွေရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ မြို့ထဲကို စီးဆင်းနေတဲ့ ရွှေတချောင်းမြောင်းကို စက်အင်အား၊လူအင်အားသုံးပြီး မန္တလေးမြို့တော်စည်ပင်က လုပ်ဆောင်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်အောင်/အိမ်ခိုင်မြဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013