DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သွယ်ဝိုက်ထိခိုက်မှုရှိနေ
DVB
·
October 12, 2017
ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သွယ်ဝိုက်ထိခိုက်မှုရှိနေ
Donate to DVB

 

နိုင်ငံတော်တခုလုံးနဲ့သက်ဆိုင်နေတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စကြောင့် ပြည်တွင်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သွယ်ဝိုက်ပြီး ထိခိုက်မှုတွေရှိနေတယ်လို့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် ဦးဆောင်နာယက  ခွန်ဥက္ကာက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ကိစ္စတွေဖြစ်ပေါ်ခဲ့တဲ့အတွက် နိုင်ငံတော်အကြီးကဲတွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အာရုံစိုက်ပြီး အချိန်ပေးနိုင်ဖို့ လျော့နည်းသွား တာကြောင့်ဖြစ်တဲ့အပြင် အန်စီအေလမ်းကြောင်းအတိုင်းမသွားဘဲ အန်စီအေအပေါ် အခြေမခံတဲ့ အဖွဲ့တွေပါဝင်လာဖို့ အချိန်အကန့်အသတ်တွေ ရှိလာတဲ့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနှောင့်နှေးနေတာဖြစ်တယ်လို့ ခွန်ဥက္ကာက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း အစိုးရအနေနဲ့ UNFCအဖွဲ့တွေနဲ့ သဘောတူညီချက်တွေ ရှိတယ်လို့ပြောဆိုပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်နိုင်သေးတဲ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကလည်း ရပ်တန့်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  နိုင်ဟံသာခေါင်းဆောင်တဲ့  မွန်ပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စ၀်ယွက်စစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နဲ့လည်းနေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံး  သဘောတူ စာချုပ် (အန်စီအေ)ကို လက်မှတ်ထိုးခဲ့တဲ့ ၂  နှစ် ပြည့် အထိမ်းအမှတ် နိုင်ငံတော် အဆင့် အခမ်းအနားကို လာမယ့်အောက်တိုဘာ ၁၅ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ရှိနေပါတယ်။

ဒီအခမ်းအနားမှာ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင်  အရင်အစိုးရအဖွဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားသွားဖို့ရှိနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ သြဂုတ်လ ၂၅ရက်နေ့ကစပြီး ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရပြီးနောက် အစိုးရအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ ဖိအားတွေအောက်မှာ ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေရချိန်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့တွေအကြမ်းဖက်မှုနဲ့ ပတ်သက်လို့တော့ အပစ်ရပ်နဲ့ အပစ်မရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တစုံတရာ ထုတ်ဖော် ကြေညာတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013