DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်
DVB
·
October 12, 2017
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်
Donate to DVB

ARAS အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာ အစည်းအဝေးခန်းမမှာ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်က ကျင်းပခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ARAS အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားတွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ငွေကျပ် ၂ သိန်းခွဲ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ငွေကျပ် ၅ သိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှ ငွေကျပ် ၁၄၈၀,၀၀ဝ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတွေက ငွေကျပ် ၇၀၂၈၀၀ဝ၊ တက်နေ ဧရာဝတီဂရုကုမ္ပဏီလီမိတက်မှ ငွေကျပ် ၁ သန်း၊ စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေ ငွေကျပ် ၁၀၂၅၈၀၀၀ဝိ လှူဒါန်းကြတာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013