DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်းတွင် တည်းခိုသူတဦးထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိ
DVB
·
October 12, 2017
Donate to DVB

ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်းတခုမှာ အောက်တိုဘာ ၁၁ ရက်က တည်းခိုနေသူတဦဆီက လက်ပစ်ဗုံး သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၅၈)ရပ်ကွက်ရှိ  စိုပြေတည်းခိုခန်း အခန်း (၁ဝ၂) ကို ရဲတပ်ဖွဲ့တွေက သတင်းအရ ရှောင်တခင် ဝင်စစ်ဆေးရာမှာ  တည်းခိုနေတဲ့ စောကျော်လင်းဦး (၃၃-နှစ်)ရဲ့ အနက်ရောင်အိတ်အတွင်းမှ ဓားအိမ်ပါ၊ အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်တချောင်း၊ 81 လက်ပစ်ဗုံးသီး တလုံးနဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ လက်ပစ်ဗုံးသီး စနက်တံ တခု၊ ၃၈ ကျည် လေးတောင့်ပါ သေနတ် ချိုင်းလွယ်အိတ် တခုတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စောကျော်လင်းဦးကို  ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013