DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဆမွတ်ပရကန်တွင် မြန်မာတဦး ဆွဲကြိုးချသေဆုံး
DVB
·
October 11, 2017
ထိုင်းနိုင်ငံ ဆမွတ်ပရကန်တွင် မြန်မာတဦး ဆွဲကြိုးချသေဆုံး
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ မနေ့ ညနေပိုင်းက ဆွဲကြိုးချပြီး သေဆုံးနေတဲ့ မြန်မာအမျိုးသားအလောင်းတလောင်းတွေ့ရတယ်လို့ တီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီခွဲလောက်က ဆမွတ်ပရကန်မြို့ ဘန်မိုင်းရပ်ကွက်ရှိ ပါနီအိမ်ယာလေးထပ်တိုက်မှာ လူသေမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လေးထပ်တိုက် တတိယအလွှာက အိမ်ခန်းတခန်းရဲ့ နောက်ဖေး အိမ်သာရှေ့မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အလောင်းတလောင်းကို တွေ့ရှိရတယ်လို့ ဆမွတ်ပရကန်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆုဖရတ်ဖိုးထိဆီက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၆ နှစ်ရှိ ရဲထွန်းအေး ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး သေဆုံးသူရဲ့လည်ပင်းမှာ အိမ်သာတံခါးနဲ့ တွဲလွဲချည်နှောင်ထားတဲ့ တီဗွီကြိုးတချောင်းရှိကြောင်း၊ ပါးစပ်မှာ သွေးများထွက်လျက်ရှိပြီး တခြားရုန်းရင်းဆန်ခတ်ပုံစံတွေ၊ ထိခိုက်ဒဏ်ရာရတာတွေမရှိဘဲ ကြိုးဆွဲချပုံစံသာရှိကာ လွန်ခဲ့တဲ့ ၅ နာရီကျော်လောက်က သေဆုံး ခဲ့တာလို့   ဒုရဲမှူးက ဆက်ပြောပါတယ်။

သေဆုံးသူရဲ့အခန်းထဲမှာ အရက်ဖြူပုလင်းနဲ့ ဘီယာပုလင်းလွတ် တလုံးစီတွေ့ရပြီး အနီးမှာ “အကိုသေသွားရင်  မင်းပျော်ရွှင်ပါစေ”လို့ အဓိပ္ပါယ်ရတဲ့ မြန်မာလို စာတစောင်ရေးသား ထားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခန်းအစောင့်ပြောပြချက်အရ သေဆုံးသူဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အဆိုပါတိုက်ခန်းမှာ နေလာခဲ့ကြောင်း၊ ထိုစဉ်က မိန်းကလေးတယောက်ပါ သူနဲ့အတူနေထိုင်ပြီး တနေ့မှာ နှစ်ယောက်သား အကြီးကျယ်စကားများရန်ဖြစ်ကာ မိန်းကလေးက အ၀တ်အစားတွေ ယူပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း သေဆုံးသူမှာ အရက်သမားဖြစ်လာပြီး လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက် ကစ သူ့ကိုအခန်းထဲက ထွက်လာတာ မတွေ့ရကြောင်း၊ ဒါကြောင့် ယမန်နေ့ညနေက အခန်းတံခါးကို သွားခေါက်ကြည့်ရာမှာ ဘာမှထူးသံမကြားဘဲ၊ အထဲက သော့ပိတ်ထားတာလဲ မရှိလို့ တံခါးကို တွန်းဖွင့်ဝင်လာခဲ့ကြောင်း၊ အခန်းထဲမှာ သူ့ကို မတွေ့ရဘဲ နောက်ဖေး ၀ရန်တာအနီး အိမ်သာရှေ့မှာ လည်ပင်းကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့သူ့ကို တွေ့ရလို့ ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ တိုက်ခန်းအစောင့်က ပြောသွားပါတယ်။

တိုက်ခန်းအစောင့်က သေဆုံးသူဟာ ရည်းစားနောက်ယောကျာ်းရှိလို့ စိတ်အားငယ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်ကြောင်း ခန့်မှန်းပြောဆိုပြီး ရဲစခန်းကတော့ အမှုမှန်ပေါ်ေ ပါက်ရေး ဆက်လက်စုံ စမ်းစစ်ဆေး သွား မယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013