DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် နိုင်ငံခြားသံရုံးများတည်ဆောက်ရန် ၁ ဧကဒေါ်လာ ၅ သိန်းနှုန်းဖြင့် နှစ် ၅၀ ဂရန်ချပေးမည်
DVB
·
October 11, 2017
နေပြည်တော်တွင် နိုင်ငံခြားသံရုံးများတည်ဆောက်ရန် ၁ ဧကဒေါ်လာ ၅ သိန်းနှုန်းဖြင့် နှစ် ၅၀ ဂရန်ချပေးမည်
Donate to DVB

 

နေပြည်တော်မှာ နိုင်ငံခြားသံရုံးတွေ တည်ဆောက်ဖို့ ၅ဧကနီးပါး အကျယ်အဝန်းရှိတဲ့ မြေနေရာတကွက်ကို ၁ဧက အမေရိကန်ဒေါ်လာ ၅သိန်းနှုန်းနဲ့ နှစ် ၅၀ ဂရန် ပေးသွားဖို့ရှိတယ်လို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီဗွီဘီ သတင်းဌာနကို ပြောပါတယ်။

နေပြည်တော်မှာ သံရုံးတွေဖွင့်လှစ်ဖို့ မြေနေရာကို နိုင်ငံအများစုက သီးသန့်မငှားရမ်းလိုဘဲ ရန်ကုန်က ၄င်းတို့သံရုံးမြေနေရာနဲ့သာ အလဲအလှယ်ပြုလုပ်ဖို့ ကြိုးစားနေကြတယ်လို့ လည်း ဦးမျိုးအောင်က ပြောပါတယ်။

“ညှိနှိုင်းနေတုန်းပါ။ အချို့က ရန်ကုန်မှာရှိတဲ့ သူတို့ သံရုံးမြေနေရာနဲ့ အပြန်အလှန်လဲဖို့ လိုလားကြတယ်။ အဲတာကတော့ ကျနော်တို့ ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ အကြံပေးလိုက်တယ်။ အခု နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ သံရုံးတွေ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ကျနော်တို့ကတော့ သံရုံးတွေက မြေနေရာငှားမယ်ဆို ငှားပေးဖို့ အသင့်ပါ။”

အမေရိကန်သံရုံး အပါအဝင် နိုင်ငံအချို့က ရန်ကုန်မြို့မှာရှိတဲ့ ၄င်းတို့သံရုံးနေရာနဲ့ နေပြည်တော်မှာ တည်ဆောက်မယ့် သံရုံးမြေနေရာကို အလဲလှယ်ပြုလုပ်လိုတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အဆိုပြုထားပြီး အသေးစိတ်အချက်လက်နဲ့ မြေနေရာ အလဲအလှယ် ပြုလုပ်လိုတဲ့ နိုင်ငံ အရေအတွက်အတိကျတော့ မသိရှိရသေးဘူးလို့ ဦးမျိုးအောင်ကဆိုပါတယ်။

နေပြည်တော်မှာ တည်ဆောက်မယ့် သံရုံးတွေအတွက် တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းမရှိသေးပေမယ့် သံရုံးတာဝန်ရှိသူတွေအနေနဲ့ နေပြည်တော် တည်ဆောက်မယ့် အနာဂတ်အစီစဉ်တွေ၊ ကျန်းမာရေးအစီအမံတွေ၊ ပညာရေးအစီအမံတွေ၊ ၀န်ထမ်းထားရှိမှုပုံစံနဲ့ မြေနေရာအချက်အလက် တွေကိုတော့ မေးမြန်းသွားတယ်လို့ နေပြည်တော်စီပင်သာယာရေး ကော်မတီက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ နိုင်ငံတကာသံရုံးတွေ အခြေစိုက်ရုံးဖွင့်လှစ်နိုင်ဖို့ သံတမန်ဇုန်ကို Junction ကုန်တိုက် အနောက်မှာ သတ်မှတ်ထားပါတယ်။

နေပြည်တော်သံတမန်ဇုန်မှာ နိုင်ငံ ၁၀ နိုင်ငံကျော်လောက်က သံရုံးတွေ တည်ဆောက်ဖို့  ဆွေးနွေးကြပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့သာ  ငှားရမ်းစာချုပ်ချုပ်ဆိုပြီး ငွေကြေးပေးချေထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013