DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများနှင့် မဆက်သွယ်ကြရန် သတိပေး
DVB
·
October 11, 2017
တရားမ၀င်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများနှင့် မဆက်သွယ်ကြရန် သတိပေး
Donate to DVB

 

တရားမ၀င်ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ အစုရှယ်ယာရောင်းချခွင့်မရှိတဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ဆောင်ရွက်ခြင်းမပြုကြဖို့ စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာနနဲ့ နိုင်ငံတော်ဗဟိုဘဏ်တို့က ပြည်သူလူထုတွေကို ပန်ကြားနှိုးဆော်လိုက်ပါတယ်။

ဒါ့အပြင် အတိုးနှုန်းမြင့်မားစွာပေးနေမှုတွေ၊ အစုရှယ်ယာအပေါ် အမြတ်ဝေစုများစွာ ခွဲဝေပေးမှုတွေ၊ (Multi-Level Marketing) ဆင့်ပွားဈေးကွက်ပုံစံ မက်လုံးပေးမှုတွေကိုလည်း အထူးသတိပြုရှောင်ရှားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ခုအခါ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ငန်းလုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသူတွေ ကြောင့် အချို့နေရာဒေသတွေမှာ မသိနားမလည်တဲ့ ပြည်သူတွေ မှားယွင်းရင်းနှီးမြှုပ်နှံမိရာက ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့လည်းဆိုပါတယ်။

မြန်မာပြည်တွင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေတွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013