DVB Logo
Home
ရွေးကောက်ပွဲ
အနုပညာရှင် စည်းရုံး ဖျော်ဖြေပွဲ သွားအားပေးတဲ့ ရွာမှာ မီးလောင်မှုဖြစ်ပွား
DVB
·
March 30, 2012
အနုပညာရှင် စည်းရုံး ဖျော်ဖြေပွဲ သွားအားပေးတဲ့ ရွာမှာ မီးလောင်မှုဖြစ်ပွား
1 / 2
Donate to DVB

နာမည်ကြီး အနုပညာရှင်တွေရဲ့  ရွေးကောက်ပွဲ မဲပေးမှုဆိုင်ရာ  ပညာပေး စည်းရုံးရေးနဲ့ ဖျော်ဖြေရေးပွဲကို သွားရောက် အားပေးနေချိန် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ရွာတရွာမှာ မီးလောင်မှုတခု ဖြစ်ပွားခဲ့လို့ ရွာတ၀က်နီးပါး မီးထဲပါသွားပါတယ်။

[caption id="attachment_23341" align="alignleft" width="300" caption="အနုပညာရှင်များ စစ်ကိုင်းတိုင်းအတွင်း စည်းရုံးရေးဆင်းဖျော်ဖြေနေစဉ်"][/caption]

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာမှာ မတ် ၂၉ ရက်နေ ညနေ ၃ နာရီလောက်မှာ မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၃၀ လောက် ပါသွားတယ် လို့ ယင်းမာပင်မြို့နယ် မီးသတ်ဌာနက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။

မီးလောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး  မီးဘေး ဒုက္ခသည်တွေ ကိုလည်း တာဝန်ရှိသူတွေက ကူညီဖို့ လုပ်ဆောင်နေတယ်လို့ မီးသတ်ဌာနက ပြောဆိုခဲ့ပါတယ်။

လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေ က  ရွေးကောက်ပွဲအတွက်  မဲ ပညာပေး စည်းရုံးရေးနဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ လာရောက်ဖျော်ဖြေနေချိန် တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ၀င်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီး ရေရှားပါးတဲ့ အရပ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013