DVB Logo
Home
မှုခင်း/မူးယစ်ဆေး
မကွေးမြို့မရဲစခန်း အချုပ်ခန်းဖောက်ပြီး အချုပ်တရားခံ ၆ ဦး ထွက်ပြေးလွတ်မြောက်
DVB
·
October 11, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မရဲစခန်း အချုပ်ဆောင် ၆ မှ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်က အချုပ်ခန်းဖောက်ပြီး အချုပ်တရားခံ ၆ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း မကွေးမြို့မရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

မကွေးမြို့မ စခန်းမှူး ဒုရဲမှူးဝင်းကျော်က “အချုပ်ဆောင် ၆ မှာ တရားခံ ၁၅ ဦး ချုပ်နှောင်ထားတဲ့ထဲက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တရားခံ ၄ ယောက်၊ မူးယစ်တရားခံ ၁ ယောက်၊ ခိုးမှု ၃၈၀၊ တရားခံ ၁ ယောက် စုစုပေါင်း ၆ ယောက် အချုပ်ခန်း ဖောက်ထွက်ပြေးခဲ့တာ ဖြစ်ပြီး လောလောဆယ် မကွေးတိုင်းဒေသကြီးမှာ ရှိတဲ့ ရဲစခန်း/ရဲကင်းစခန်း အားလုံး ပိတ်ဆို့စုံစမ်းရှာဖွေနေတယ်။ ထွက်ပြေး လွတ်မြောက်သွားတဲ့ တရားခံတွေကတော့ ဘိုဘိုလတ် (၂၉-နှစ်)၊ စိုင်းသီဟ (-၂၁-နှစ်)၊ ချစ်ကိုကို (၂၄-နှစ်)၊ အောင်ဇော်လင်း (၂၈-နှစ်)၊ သိန်းမင်းထိုက် (၁၈-နှစ်)၊ နိုင်စိုး (၂၈-နှစ်) တို့ဖြစ်ပြီး CCTV မှတ်တမ်းအရ မနက် ၃ နာရီ ၇ မိနစ် ၄၄ စက္ကန့်အချိန်မှာ သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

တာဝန်ပေါ့ဆတဲ့ ကင်းမှူး ရဲတပ်ကြပ်ညွန့်လှိုင်ပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ချုပ်နှောင်ထားပြီး ရဲစည်းကမ်းထိန်းသမ်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013