DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းတွင် လေပြင်းတိုက်၊ အ.ထ.က ကျောင်းဆောင် ခေါင်မိုးများ ပျက်စီး
DVB
·
October 11, 2017
ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းတွင် လေပြင်းတိုက်၊ အ.ထ.က ကျောင်းဆောင် ခေါင်မိုးများ ပျက်စီး
1 / 4
Donate to DVB

 

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်ထဲမှာ ယမန်နေ့ ညနေပိုင်းက မိုးကြီးပြီး လေပြင်းတွေပါ တိုက်ခတ်လာတဲ့အတွက် မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်းခေါင်မိုးတွေ လွင့်ထွက် ပျက်စီးသွားပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီခွဲလောက်က လေပြင်းတွေ တိုက်ခတ်လာလို့ ကျောင်းခေါင်မိုးတွေ လန်ထွက်သွားပြီး သစ်ပင်တွေရော ကျောင်းရှေ့ဓာတ်တိုင်ပါ ကျိုးသွားတာကို တွေ့ရတယ်လို့  မိုင်းပျဉ်း အ.ထ.က ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းဟွမ်နွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မိုးရွာတာ၊ မိုးခြိမ်းသံတွေရော၊ လျှပ်စီးတွေရော လျှပ်တယ်။ မိုးရွာတာကြာပြီး လေပြင်းတိုက်တာတော့ ခဏလေးပဲ ၅ မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ မိုးတိတ်လို့ အပြင်ထွက်ကြည့်တော့ ကျောင်းရှေ့က ဓာတ်တိုင်လည်း လဲလို့။ ကျောင်းဝင်းထဲက ကုက္ကိုပင်ကြီးလည်း ကျိုးကျနေတယ်။ ကျောင်းခေါင်မိုးတွေလည်း ဟောင်းလောင်းဖြစ်ကုန်ပြီ။ သွပ်တွေ လွင့်ကုန်ပြီလေ။ သိပ္ပံကျောင်းဆောင်နဲ့ ကမ္ဘောဇဆောင်ရော နဝရတ်ဆောင်ပါ ခေါင်မိုးတွေ မရှိတော့ဘူး။  မနေ့က သီတင်းကျွတ်ကျောင်းပိတ်ရက် ဆိုတော့ ကလေးတွေ ကျောင်းမတက်သေးလို့ တော်သေးတယ် ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူး။”

လေပြင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းခေါင်မိုး အရှည် စုစုပေါင်း ၃၅ ပေလောက်ရှိပြီး ပြန်လည်ပြုပြင်ရေးအတွက် သက်ဆိုင်ရာကို တင်ပြဖို့ စာရင်းပြုစုနေပါတယ်။

မနေ့က လေပြင်းတိုက်တဲ့အတွက် မိုင်းပျဉ်းမြို့နယ်တွင်း အခြားဒေသမှာလည်း ထိခိုက်မှုတွေ ရှိနိုင်ပေမယ့် သတင်းအတိအကျတော့ မသိရသေးပါဘူး။

မိုင်းပျဉ်းမှာ အ.ထ.က. ကျောင်း  တကျောင်းနဲ့ အ..ထ.က ကျောင်းခွဲတကျောင်းရှိပြီး မနေ့က လေပြင်းတိုက်ခံရတဲ့ ကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၀၀၀ ကျော် ပညာသင်ကြားနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013