DVB Logo
Home
Lead Story
မြန်မာ့စီးပွားရေး ပြန်ဦးမော့အောင် အရေးတကြီး ဘာတွေလိုအပ်နေလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
October 11, 2017
မြန်မာ့စီးပွားရေး ပြန်ဦးမော့အောင် အရေးတကြီး ဘာတွေလိုအပ်နေလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့ ဘာတွေ အရေးတကြီး လိုအပ်နေလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက ရခိုင်ပြည်နယ်ကြောင့် မြန်မာ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နစ်ကီ အေးရှ ရီဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့် သူတွေကတော့ စီးပွားရေးပညာရှင် ဆရာအောင်ချိန်ဘွားနဲ့ The Voice Weekly ထုတ်ဝေသူနဲ့ ဒု-အယ်ဒီတာချုပ် ဆရာဇေယျာသူတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဒီနှစ် ဘဏ္ဍာနှစ် ၂၀၁၇-၁၈ GDP ကိုတော့ ၇ ရာခိုင်နှုန်းလောက် သတ်မှတ်ထားတယ်။ ဒီလောက်တော့ ဖွံ့ဖြိုးတိုးတက်နိုင်တယ်ပေါ့။ ရင်းနှီးမြှုပ်နှံမှုမှာတော့ ရခိုင်ကိစ္စကြောင့် သိပ်စိုးရိမ်စရာတော့ မလိုဘူး၊ ဒါကို ထိခိုက်မှုတော့ ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာ့ရဲ့ သုံးသပ်ချက်ကို ပထမဆုံး သိပါရစေ။"

ဆရာအောင်ချိန်ဘွား (စီးပွားရေးပညာရှင်)

“GDP ခေါ် Economic Growth Rate ဆိုတာက သူ့ Rate ကို တွက်တဲ့အခါမှာ ရာခိုင်နှုန်းနဲ့ တွက်ပါတယ်။ အဲဒီရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းလို့ ဆိုတယ်။ တချို့ကလည်း ၈ ဒသမ ၅ အထိ တက်နိုင်တယ်ပေါ့။ စသဖြင့် အဲဒီရာခိုင်နှုန်းက ဘယ်လိုတွက်လဲဆိုရင် ပြီးခဲ့တဲ့နှစ်အပေါ်မှာ အောင်မြင်မှု၊ တိုးတက်မှု ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါက ပြီးခဲ့တဲ့နှစ်က ဦးစိုက်ကျနေတဲ့နှစ် ဖြစ်တယ်။ ဒီနှစ် ဦးမော့လာပြီဖြစ်တဲ့အတွက် ဒီရာခိုင်နှုန်းတက်တာက မဆန်းပါဘူး။ ဒီ့ထက်လည်း တက်နိုင်တယ်။ ဒါက အဓိက မဟုတ်ဘူး။ တကယ်လို့ စီးပွားရေး တိုးတက်စေချင်တယ်ဆိုရင် ဥပမာ တရုတ်ပြည်ကြီးလို Two-digits က ဆယ်နှစ်လောက် ဆက်တိုက်တက်တယ်။ ကျနော်တို့ကလည်း မနှစ်ကထက် ပိုပြီး ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း ဖြစ်တာထက် နောက်နှစ် နောက်နှစ် Long Term ဆိုတာ တခါတည်း ၈ ရာခိုင်နှုန်းကနေ Two-digits လောက်ထိ တက်နိုင်အောင် လုပ်နိုင်မှသာ ကျနော်တို့ စီးပွားရေးက ဦးမော့လာတယ်လို့ ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက စီးပွားရေးတိုးတက်မှုနှုန်းနဲ့ ပြောတာပါ။ နောက် GDP ကလည်း အရေးသိပ်ကြီးပါတယ်။ GDP က ကုန်ပစ္စည်းထုတ်လုပ်နိုင်မှ၊ ဝန်ဆောင်မှုတွေ တိုးနိုင်မှ Hotel Tourism တွေ တိုးနိုင်မှ၊ ထုတ်လုပ်မှုဆိုတဲ့ နေရာမှာလည်း လယ်ယာထွက်ကုန်တွေနဲ့ စက်မှုထွက်ကုန်တွေ တိုးရမှာ။ လယ်ယာထွက်ကုန်ကလည်း မတိုးစေနိုင်တဲ့ အကြောင်းအရာတွေ အများကြီး ပိတ်ဆို့မှုတွေ ဖြစ်ခဲ့လို့ အခု တိုးတက်မှု နှေးကွေးတာပါ။ စက်မှုထုတ်ကုန်ကျပြန်တော့လည်း Foreign Investment တွေ မဝင်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဒီလောက်နည်းနေမှတော့ ဘယ်လိုလုပ် လာပြီး စက်မှုကုန်ထုတ်လုပ်ငန်းတွေ တက်နိုင်မှာလဲ။ ပြည်တွင်း SME ဆိုတာတွေက ရင်းနှီးမြှုပ်နှံမှု လိုတယ်ဆိုပြီးတော့ ငွေချေးရုံနဲ့ မပြီးဘူး။ နိုင်ငံခြားက Investment အကြီးကြီးတွေ ဝင်လာတဲ့အခါကျတော့ သူတို့ရဲ့ Sub Contract တွေ ရပြီးတော့ ဒီက SME တွေ အလုပ်တွေ အများကြီးဖြစ်လာရင် အလိုလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေလည်း တက်လာမယ်။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တက်သင့်သလောက်၊ မနှစ်ကထက် စာရင်တော့ တက်တာပေါ့။ ဦးမော့လာပြီပေါ့။ မနှစ်က ကျနေတာကိုး။ ဒါပေမယ့် တက်သင့်သလောက် မတက်ပါဘူး။ မတက်ရခြင်းအကြောင်းက စောစောကပြောသလို ရခိုင်အကြောင်းက နည်းနည်းလေး ရိုက်ခတ်မှုရှိတယ်လို့ ဆိုတယ်။ ကျနော် ပြောချင်တာက Least Developing Country ဆိုတာ တွက်ချက်တဲ့အခါမှာ UN က ၁၉၇၁ ခုနှစ် ကွန်ဖရင့်မှာ Criteria တွေပြတယ်။ တချို့ကတော့ Basic Criteria ၃ ခုပဲ ပြောတယ်။ အမှန်က မဟုတ်ပါဘူး။ သူတို့ပြောတာက နိုင်ငံတနိုင်ငံက ပြည်တွင်းစစ်တွေ ဖြစ်နေမယ်၊ နိုင်ငံရေးမတည်ငြိမ်ဘူး ဖြစ်နေမယ်၊ နောက်ပြီးတော့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပဋိပက္ခ ဖြစ်မယ်၊ နောက် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် ဒီနိုင်ငံက ဆင်းရဲနေမှာပဲလို့ ကောက်ချက်ဆွဲထားတာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က ဒီနိုင်ငံ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို မဖန်တီးကြဖို့။ နိုင်ငံရေး မတည်ငြိမ်ရင် စီးပွားရေးကလည်း ဘယ်တော့မှ လုပ်လို့ရမှာ မဟုတ်ဘူး။ အခု ကြည့်လေ။ ရခိုင်အရေးအခင်းကြောင့် တချို့က Investment တွေ တန့်သွားသလိုလို၊ လေျာ့မလိုလို။ ဒါလည်း စိုးရိမ်စရာမလိုပါဘူး။ ဘာလို့လဲဆိုရင် ရခိုင်အရေး တခုတည်းနဲ့တော့ ကျနော်တို့ ကျမှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ Image ကြီးတခုလုံး၊ နိုင်ငံတော်ရဲ့ ပုံရိပ်တခုလုံး ကျသွားရင် မကောင်းဘူးပေါ့။ အဲဒီတော့ ပုံရိပ်တခုလုံး မကျအောင်၊ မကူးစက်အောင်နဲ့ တည်ငြိမ်အောင်လုပ်ဖို့ သိပ်လိုပါတယ်။ ဒါက Foreign Investment ပိုဝင်လာအောင်ဆိုရင် Law တွေ၊ Rules တွေ၊ Regulations တွေ ထုတ်ထားတာ ရှိပါတယ်။ အခု Foreign Investment နဲ့ Local Investment နှစ်ခုပေါင်းပြီး Modified လုပ်ပြီးတော့ Investment  Law ထွက်ပြီးပါပြီ။ နောက် Rules လည်း ထွက်ပြီးပါပြီ။ ကျန်တာကတော့ အရေးတကြီးပါပဲ။ Company Act ဆိုတာကို ပြန်ပြီး ပြုပြင်မွမ်းမံဖို့ လိုတဲ့အတွက် ၁၉၁၄ ခုနှစ်က Company Act ကို အခု မူကြမ်းက တင်ထားပြီးပြီ။ အဲဒီ Law ကြီး ထွက်လာဖို့ စောင့်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ တော်တော်ကောင်းတာတွေ ပါနေလို့။ နိုင်ငံခြားသားရှယ်ယာကို ဥပမာ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းအထိ ထည့်နိုင်မယ်ဆိုတာတွေ ပါတဲ့အတွက် အဲဒါကို မျှော်နေကြတယ်။ အဲဒါများ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်ဆိုရင် ကျနော်တို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တက်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာ့အနေနဲ့ ပြောသွားတာက အခု ဒီတနှစ်တည်း တက်တယ်ဆိုတာထက် နောက်ထပ် ရေရှည် ဘယ်လောက်အထိကို ထိန်းသွားနိုင်မလဲ။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဆက်စပ်နေတာပေါ့နော်။ ဆရာ အရေးတကြီး ပြောသွားတာ Image ပေါ့။ တိုင်းပြည်ရဲ့ Image နဲ့ ဆက်စပ်ပြီး ပြောသွားပါတယ်။ ဆရာဇေယျာသူလည်း ဒါနဲ့ပဲဆက်စပ်ပြီး မေးပါရစေ။ လောလောဆယ်တော့ ဘဏ္ဍာနှစ် ၂၀၁၇-၁၈ GDP ၇ လို့ ပြောတယ်၊ ၈ ခွဲလို့ ပြောတယ်။ အဲဒါနဲ့ နိုင်ငံစီးပွားရေး ဦးမော့ဖို့က ဆရာလည်း ပြောသွားတယ်။ Investment တွေ လိုတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအပေါ်မှာ သက်ရောက်မှု တစုံတရာ ရှိမယ်လို့ ပြောကြားထားတယ်ပေါ့။ ဆရာ့အနေနဲ့ရော နိုင်ငံရေး Image တွေ၊ နိုင်ငံရေး အခင်းအကျင်းဟာ မြန်မာပြည်ရဲ့ စီးပွားရေးကို ဘာတွေများ သက်ရောက်နိုင်လဲ။ စီးပွားရေး ပြန်ဦးမော့ဖို့ အရေးတကြီး ဘာတွေလိုအပ်လဲ၊ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။”

ဦးဇေယျာသူ (ထုတ်ဝေသူ၊ ဒု-အယ်ဒီတာချုပ်၊ The Voice Weekly)

“မနေ့ကတော့ သမ္မတက ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး လုပ်တယ်လေ။ အဲဒီမှာလည်း ၇ ရာခိုင်နှုန်း၊ ၈ ဒသမ ၃ ရာခိုင်နှုန်း၊ ဒါတွေ မီအောင်လုပ်ဖို့ ပြောတာပေါ့။ ကျနော့်အနေနဲ့ကတော့ မြန်မာပြည်မှာ လိုနေတာက အရင်းပေါ့။ ပြည်တွင်းက အရင်း၊ ပြည်ပက အရင်း၊ အရင်းဆိုရင်လည်း အမျိုးမျိုးပေါ့လေ။ ချေးပြီးတော့ ထည့်တာနဲ့ ရှယ်ယာအနေနဲ့ ထည့်တာနဲ့။ အဲဒီနှစ်ခုလုံးကို တက်လာအောင် လုပ်ဖို့လိုတယ်။ တနည်းကတော့ Stock Exchange ကို တက်အောင် လုပ်တာပေါ့။ Stock Exchange ကလည်း အခုထက်ထိ ငြိမ်နေသေးတယ်။ လောလောဆယ် များများစားစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားကိုးနေရတယ်ပေါ့။ ရင်းနှီးမြှုပ်နှံမှုကို တက်လာအောင်လုပ်ဖို့ လိုတယ်။ တက်တဲ့အခါမှာလည်း ကိန်းဂဏန်းပေါ့၊ စာရွက်တွေပေါ်ကဟာပဲ ကြည့်လို့မရဘူး။ ဝင်လာပြီ၊ ကတိပေးလိုက်ပြီ။ ဒါပေမယ့် တကယ်တမ်း စက်ရုံဝင်လာ၊ စဆောက်ပြီဆိုရင် ကိုယ့်ဆီက အလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်သားတွေ ဝင်ငွေရမယ်ပေါ့လေ။ ပြီးရင် စက်ရုံ စတည်ပြီ၊ စပြီး လည်ပတ်ပြီဆိုရင် အလုပ်သမား ခန့်တယ်၊ ဘာတယ်၊ ဝင်ငွေရပြီ ဆိုတော့။ တကယ်တမ်း စပြီးလည်ပတ်တော့မှပဲ စီးပွားရေးကို တိုက်ရိုက်သွားပြီး သက်ရောက်တယ်။ ကျနော်တို့က ကိန်းဂဏန်းတွေ ကြည့်ပြီးတော့ ဖီလင်တက်နေတာပေါ့။ ကိုယ့်စိတ်ထဲမှာ ကြည်နူးနေတာ။ ကိန်းဂဏန်းတွေ အများကြီးဆိုတော့။ တကယ်တမ်းကျတော့ ဘယ်လောက်ရောက်လာသလဲပေါ့။ နောက်တခုက ပြည်တွင်းဈေးကွက်ကို ဦးတည်တာလား၊ ပြည်ပကို ပစ်တာလား။ ပြည်ပကို ပစ်တယ်ဆိုရင်တော့ ပြည်ပကနေ ပိုက်ဆံရမှာ။ အခုကျတော့ အဲဒီလိုမရဘူး။ အရင်းကိစ္စ လုပ်ဖို့လိုတယ်။ အရင်းကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတင်မကဘူး၊ ပြည်တွင်းကရော ဘယ်လိုယူမလဲ။ ပြည်တွင်းမှာဆိုလည်း ရှယ်ယာတွေ ရောင်းတယ်၊ ရောင်းတဲ့အခါကျရင် ပါသွားတဲ့ပိုက်ဆံတွေ တော်တော်များတယ်။ အဲဒီပိုက်ဆံတွေသာ ကောင်းရောင်းကောင်းဝယ်လုပ်တဲ့ ကုမ္ပဏီတွေဆီသာ ရောက်သွားရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီနည်းလည်း ကျနော်တို့က စဉ်းစားဖို့လိုတယ်။ နောက်တခုက SME က တနိုင်ငံလုံးမှာ ၉၉ ဒသမ ၉၉ လောက် ရှိတယ်။ ဒါတွေက SME ပေါ့နော်။ အသေးစားနဲ့ အလတ်စား ဖြစ်နေတဲ့အခါကျတော့ သူတို့ကလည်း ဘဏ်တွေဆီကနေ ချေးငွေက မရဘူး ဖြစ်နေတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမဆုံး စီးပွားရေးကို သေချာပြန်ကိုင်မယ်လို့ ပြောတဲ့အချိန်မှာ ဘဏ် ၂၂ ခုက ခေါင်းဆောင်တွေ၊ ဥက္ကဋ္ဌတွေနဲ့ တွေ့တဲ့အခါကျတော့ အဲဒီကနေများ ပြောင်းသွားနိုင်မလားပေါ့။ နောက်တခုကတော့ အခုက အရေးယူ ပိတ်ဆို့မှုတွေက လာတော့ မလာသေးဘူး။ စကားတွေတော့ တွန်းတဲ့ဘက်ကို တွန်းပြီး လုပ်တဲ့သူတွေက တွန်းနေကြတော့ အဲဒီမတိုင်ခင်လေးမှာ ကိုယ့်ကို ပေးချင်တဲ့လူ ရှိတယ်ဆိုရင် မြန်မြန်တော့ ယူထားဖို့လိုမယ်။ လောလောဆယ်က နှစ်ချက်ပေါ့။ ဒီ Foreign Aid ကိစ္စကို မြန်မြန်လေး တွန်းသင့်တယ်။ ကျနော်တို့က စဉ်းစားဆုံးဖြတ်တာ အရမ်းကြာတယ်။ အမှန်အတိုင်း ဆုံးဖြတ်နိုင်လား ဆိုတော့လည်း ၁၀၀ ရာခိုင်နှုန်း အမှန်ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး။ နောက်တခု ရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မြန်ရအောင်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုလည်း မြန်မြန်ဝင်လာအောင် မြန်မြန် လုပ်ငန်းလည်ပတ်အောင် မြေတွေ ဘာတွေ ချပေးတာ၊ ပါမစ်ပေါ့နော်။ ပြည်တွင်းကလည်း စုငွေဆောင်းငွေကတဆင့် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ရအောင် လုပ်သင့်တယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013