DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် ယုံကြည်ချက်ရှိရှိ ပါဝင်ဆုတောင်းပေးကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မေတ္တာရပ်ခံ
DVB
·
October 11, 2017
Donate to DVB

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအနေနဲ့ ကိုယ့်အိမ် ကိုယ့်နေရာမှာလည်း ယုံကြည်ချက်ရှိရှိ အားလုံး ပါဝင်ဆုတောင်းပေးကြဖို့ ပုသိမ်မြို့မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီးက ကြီးမှူးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတောင်နဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပုသိမ်မြို့မြို့တော်ခန်းမမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၆ က ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆုတောင်းပွဲမှာ ဝန်ကြီးချုပ်မန်းဂျော်နီက ခန်းမမှာ ဆုတောင်းပွဲပြုလုပ်သလို ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်နေရာမှာ ယုံကြည်ချက်ရှိရှိ ပါဝင်ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ပြောကြားခဲ့တာပါ။

အဲဒီပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာကြီး လေးမျိုးက ဘာသာရေးခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး ဘာသာအလိုက် ငြိမ်းချမ်းရေးစကားတွေ ပြောကြားခဲ့ပြီး ငြိမ်းချမ်း သာယာဝပြောစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

အခုလို ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို တနိုင်ငံလုံးအနှံ့ ပြုလုပ်နေတာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း လေးကြိမ်တိတိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013