DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက်၊ ၅ ဦးသေဆုံး ၁၀ ဦးကျော် ဒဏ်ရာရ
DVB
·
October 11, 2017
တီးတိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက်၊ ၅ ဦးသေဆုံး ၁၀ ဦးကျော် ဒဏ်ရာရ
Donate to DVB

 

ချင်းပြည်နယ် တီးတိန်ကနေ စစ်ကိုင်းတိုင်း ကလေးမြို့ကို ထွက်ခွာလာတဲ့ ၆ ဘီးကားတစီး မနေ့ ညနေပိုင်းက  လမ်းခုလပ်မှာ မတော်တဆတိမ်းမှောက်ခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၁၀ ကျော် ဒဏ်ရာရသွားပါတယ်။

တီးတိန်မြို့နယ် လိုင်သွီးရွာကနေ ကလေးမြို့ကိုဆင်းလာတဲ့  အဆိုပါ ၆ ဘီးကားဟာ ညနေ ၃ နာရီကျော် မိုင်တိုင် ၂၉ လေးထပ်ကွေ့နားရောက်တော့ ကလေးဘက်ကနေတက်လာတဲ့ ခါတော်မှီခရီးသည်တင်ကားတစီးနဲ့ ဆုံမိပြီး အတက်ကားကို ဦးစီးပေးတဲ့အနေနဲ့ လမ်းဘေးကို ရှောင်လိုက်စဉ် အောက်ထပ်ကကားလမ်းပေါ်ကို လိမ့်ကျသွားခဲ့တာလို့ လူနာတွေကို သွားရောက် ကူညီခဲ့တဲ့ ကလေးမြို့ ကာယကံမေတ္တာ လူမှုကူညီရေးအသင်းမှ ကိုမျိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“အခင်းဖြစ်တာကတော့ ညနေ ၃ နာရီလောက်ပေါ့။ ဆက်သွယ်ရေးမကောင်းတော့  ညနေ ၄ နာရီကျော်မှ ကျနော်တို့အဖွဲ့ဆီ သတင်းရောက်တယ်။ အဲဒါနဲ့ ချက်ချင်းဘဲ ကျနော်တို့ အသင်းက ကားရော ပုညကုသလ အသင်းက ကားပါ နှစ်စီးလုံး သွားပြီးကူညီကြပါတယ်။  ၆ ဘီးကားက အတက်ကားကို ရှောင်လိုက်တဲ့ခါ လမ်းဘေးမြေအိကျသွားပြီး အောက်ကကား လမ်းပေါ်ကို လိမ့်ဆင်းသွားတာ၊ အဲဒီမြေက မနှစ်ကမှဖို့ထားတာဆိုတော့ မြေသားမခိုင်ဘူး။ ပြီးတော့ တောင်ပေါ်လမ်းဆိုတော့ ကားလမ်းက အထပ်လိုက်လေ၊ အဲဒါ အောက်ဘက်က လမ်းပေါ် ကျသွားတာ၊ ကလေးက တက်လာတဲ့ ခရီးသည်တင်ကားက ဘာမှမဖြစ်ဘူး။ အဲဒီ ၆ ဘီးကားဘဲ ပျက်စီးနေတာ ရစရာမရှိဘူး။ အဲဒီကားပေါ်က အမျိုးသမီး ၅ ယောက် ပွဲချင်းပြီးသေတယ်။ ၃ ယောက်က ဘော်လုံးကန်တဲ့အသင်းနဲ့ လိုက်လာတာ၊ နောက် ၂ ယောက်က လမ်းကြုံလိုက်ခဲ့ တာတဲ့၊  ပထမကျနော်တို့ သေဆုံးသူ  ၄ ဦးဘဲတွေ့တယ်၊  နောက်တော့ လူနာတွေနဲ့ရောပြီး ပါ သွားတဲ့ထဲမှာ အမျိုးသမီးတယောက် ဆုံးနေတာတွေ့လို့ ၅ ယောက် သေဆုံးတာပေါ့နော်၊ ဒဏ်ရာရတဲ့သူတွေက ကယ်ဆယ်ရေးကားနဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို  ပို့လိုက်ရတာက ၁၃ ယောက်ပါ။ ဆေးရုံရောက်တော့ ညနေ ၇ နာရီကျော်ပြီ”

အဆိုပါ ၆ ဘီးကားပေါ်မှာ လူပေါင်း ၃၀ ကျော် စီးနင်းလိုက်ပါလာပြီး ဘော်လုံးအသင်း တသင်းမှ အများဆုံးဖြစ်ကာ ယာဉ်မောင်းဖြစ်သူမှာလည်း လက်ကျိုးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013