DVB Logo
Home
ရွေးကောက်ပွဲ
လားရှိုးမှာ အနိုင်ရမည်ဟု ကျားဖြူပါတီပြောကြား
DVB
·
March 29, 2012
လားရှိုးမှာ အနိုင်ရမည်ဟု ကျားဖြူပါတီပြောကြား
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကိုယ်စားလှယ် စိုင်းစံမင်း အနေနဲ့ သေချာပေါက် အနိုင်ရမယ်လို့ ပါတီပြောခွင့်ရ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_13677" align="alignleft" width="300" caption="ရှမ်း​တိုင်း​ရင်း​သား​​ ​ဒီ​မို​က​ရက်​တစ်​ပါ​တီ"][/caption]

လားရှိုးအမျိုးသားလွှတ်တော် နယ်မြေ ၅ ခု အနက် ၃ ခုခွဲ ဟာ ကျားဖြူပါတီ အပိုင် နယ်မြေဖြစ်တာကြောင့် အခုလိုပြောနိုင်တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက လဲ ကြံ့ခိုင်ရေးပါတီကို ၇ မဲ ထဲနဲ့  ကပ် ရှုံးခဲ့တာ ဖြစ်တယ် လို့  ဦးစောသန်းမြင့်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အကြီးအကျယ် မဲဆွယ် စည်းရုံးတာမျိုး မတွေ့ရတဲ့အပေါ် “ကျနော်တို့က အဲဒီလောက်အထိ မလိုလို့ပါ။ အမျိုးသားရေးကို အဓိက တည်ဆောက်ထားတဲ့ အမျိုးသားပါတီ ဖြစ်တယ်လေ။ မလိုတာလည်း ပါတယ်။ နောက်ပြီးတော့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျနော်တို့ ငွေအင်အားလည်း သိပ်မကောင်း ဘူးလေ။ ပါတီကြီးတွေလို ငွေအင်အား မရှိဘူး။ အမှန်အတိုင်း ကျနော် ဝန်ခံတာပါ။ ဒါပေမယ့် ကျနော်တို့က အမျိုးသားရေးနဲ့ လုပ်တဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေ အားလုံးမှာ ကိုယ့်အမျိုးသားကိုပဲ ကိုယ်ပေးတယ်။ သူများကို အယုံအကြည်မရှိဘူး။ ဒါကတော့ အမှန်အတိုင်း ကျနော် ပွင့်ပွင့်လင်းလင်း ပြောတာပါ။”

ကျားဖြူပါတီဟာ  အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၄ ခု မှာ ၀င်ရောက်ဖို့ရှိပြီး၊ မိုးကောင်းမြို့နယ် က ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ရွှေ့ဆိုင်း လိုက်တာကြောင့် ကျန် ၃ နေရာမှာ ၀င်အရွေးခံ မှာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်နေ ရာ ၁၅၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ၅၆ နေရာ အနိုင်ရရှိထားတဲ့ တိုင်းရင်းသားပါတီ တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013