DVB Logo
Home
မြန်မာသတင်း
သူငယ်တန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟုဆိုကာ အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီး
DVB
·
October 10, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ဝင်းခလုံးပိုင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က သူငယ်တန်း ကလေးငယ်တဦးကို မုန့်ဝယ်ကျွေးမယ်လို့ ပြောဆိုပြီး ခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက သိရပါတယ်။

ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက “ကလေးက ည ၇ နာရီလောက်မှာ အိမ်ကို ငိုပြီး ပြန်လာတော့ မအေဖြစ်သူက မသင်္ကာလို့မေးတော့ ကလေးကို သူတို့နေတဲ့ အိမ်ခေါင်းရင်းက လူက မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားပြီးတော့ ကလေးကို မားမားခေါက်ဆွဲခြောက်တထုပ် ဝယ်ကျွေးပြီး သူတို့အနီးနားမှာရှိတဲ့ ဇရပ်မှာ အဓမ္မပြုကျင့်တယ်ဆိုပြီး ပြောလို့ အမေဖြစ်သူက အရေးယူပေးဖို့ အမှုလာဖွင့်တာပါ'”လို့ ပြောပါတယ်။

ပေါင်းရပ်ကွက် ဝင်းခလုံးပိုင်းနေ ဒေါ်--- နေအိမ်ရှေ့ ရေချိုးနေချိန်မှာ သမီးဖြစ်သူဟာ ဓာတ်မီးတလက်ကိုင်ကာ နေအိမ်က ထွက်သွားတာကို တွေ့ရတာကြောင့် အသိအိမ်သွားတယ် အထင်နဲ့ မပြောဆိုဘဲ နေခဲ့ပါတယ်။ ည ၇ နာရီချိန်ခန့်မှာ သမီးဖြစ်သူ နေအိမ်ကို ငိုပြီး ပြန်လာတာကို တွေ့တာကြောင့် မေးမြန်းရာ ခေါင်းရင်းဘက်နေအိမ်မှ သွားခေါ(ခ)အောင်မျိုးထွန်း (၂၅-နှစ်)က မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်ဆောင်သွားကာ မုန့်ဝယ်ကျွေးခဲ့ပြီးနောက် လမ်းကြားထဲရှိ ဇရပ်မှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြန်လည်ပြောဆိုခဲ့တာကြောင့် အရေးယူပေးဖို့ လာရောက်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ပေါင်မြို့နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း အခုအမှု အပါအဝင် သက်ငယ်မုဒိမ်းမှု ၂ မှုရှိပြီး အခုအမှုဟာ အသက်အငယ်ဆုံး မုဒိမ်းမှု ဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်းမှူးက ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဓမ္မပြုကျင့်မှုကျူးလွန်သူ သခေါ (ခ) အောင်မျိုးထွန်းကို ပေါင်မြို့မရဲစခန်းက (ပ)၃၁၂/ ၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ နဲ့ အမှုဖွင့် ဖမ်းဆီး စစ်ဆေးဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013