DVB Logo
Home
မြန်မာသတင်း
“မိကျောင်းမျက်ရည်” စုံစမ်းထောက်လှမ်းရုပ်သံ ဒီဗွီဘီမှ ထုတ်လွှင့်မည်
DVB
·
October 10, 2017
“မိကျောင်းမျက်ရည်” စုံစမ်းထောက်လှမ်းရုပ်သံ ဒီဗွီဘီမှ ထုတ်လွှင့်မည်
Donate to DVB

 

ဒီဗွီဘီ သတင်းဌာနက စီစဉ်ထုတ်လုပ်ထားတဲ့  စုံစမ်းထောက်လှမ်းရုပ်သံမှတ်တမ်းတွေ Investigative Documentary Series ကို ခုအောက်တိုဘာလအတွင်း စတင်ထုတ်လွှင့်သွားဖို့ရှိ နေပါတယ်။

လတ်တလော ထုတ်လုပ်ထားပြီးဖြစ်တဲ့ “မိကျောင်းမျက်ရည်၊ သြဇာကြီးမားသူနှစ်ဦး၏ မြေယာအငြင်းပွားမှု”လို့ အမည်ပေးထားတဲ့ ရုပ်သံမှတ်တမ်းကို ဒီကနေ့ အောက်တိုဘာ ၁၀ ရက်ညနေ ရန်ကုန်မြို့မှာ သတင်းဌာနတွေနဲ့ စိတ်ဝင်စားသူတွေကို သီးသန့် ပြသဖို့ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ တိုင်ကြားလွှာပေါင်း ၅၀၀၀ ကျော် လက်ခံရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောထားပါတယ်။

ဒီမြေယာပြဿနာ ထောင်ပေါင်းများစွာထဲက တခုအကြောင်းကို “မိကျောင်းမျက်ရည်” ရုပ်သံမှတ်တမ်းမှာ စုံစမ်းဖော်ထုတ်ထားပြီး ဒီအငြင်းပွားမှုနဲ့ ဆက်စပ်လို့ အရင်အစိုးရလက်ထက် အစိုးရဌာနဆိုင်ရာတွေရဲ့ အဂတိလိုက်စားမှုကိုလည်း အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

ဒီရုပ်သံမှတ်တမ်းရဲ့  Editor နဲ့ Series Producer အဖြစ် Kay Lie ကတာဝန်ယူထားပြီး   ဒီဗွီဘီသတင်းထောက် ယမင်းဦးက ဒါရိုက်တာနဲ့တင်ဆက်သူ အဖြစ်တာဝန်ယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013