
ARSA အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်အဖွဲ့ကကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေး တလပြည့်ချိန်မှာ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားနဲ့ ကင်းလှည့်စစ်ဆေးနေပါတယ်။
ရခိုင်ပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်မှု မဖြစ်အောင်လက်ဦးမှု ရယူသွားမယ်လို့ အမှတ် ၄လုံခြုံရေးရဲတပ်ရင်းတွေ ကွပ်ကဲရေးမှူးချုပ် ရဲမှူးချုပ်မြဝင်းက “စစ်တွေမြို့ အပါအဝင်ပေါ့ ကွပ်ကဲရေး အောက်မှာရှိတဲ့တပ်ရင်းများနဲ့ စစ်တွေမြို့လုံခြုံရေးနောက်တခါ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊နောက်တခါမြောက်ဦး မြေပုံ၊ပေါက်တော။ ဒီမြို့တွေရဲ့ လုံခြုံရေးကိုဆောင်ရွက် လျှက်ရှိ ပါတယ်။ စစ်တွေမြို့ ဒီနေ့မှာတော့ လှုပ်ရှားမှု အနေနဲ့နယ်မြေခံ အောင်မြတ်မိုးဦးစီးတဲ့ ရခိုင်ပြည်နယ်တပ်အင်း အားများနဲ့ ကျနော်တို့ ပေါင်းစပ်ပြီးတော့ နယ်မြေစိုးမိုးရေး ဆောင်ရွက်တာ ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ကောလာဟလ ဖြစ်ပေါ်နေတာကို လူထုကိုစိုးရိမ် ထိတ်လန့်မှုမဖြစ်အောင် လက်ဦးမှုရယူပြီး တပ်ဖွဲ့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့”ပြောပါတယ်။
ARSA အကြမ်းဖက်အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို တလကြာဆိုင်းငံကြောင်း ကြေညာထားပြီး အောက်တိုဘာ ၉ ရက်နေ့မှာ ဆိုရင် အဲ့ဒီကြေညာချက်ကို ထုတ်ပြန်တာ တလပြည့်ပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “တဖက်ဘင်္ဂလားဒေ့ရှ်မှ ထုတ်စာစောင်အရ သော်လည်းကောင်း၊ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ၉ ရက်နေ့ဆိုရင် အပစ်အခတ်ရပ်စဲတာ ပြီးသွားဆိုတဲ့ ကြေညာချက်တွေအရ သော်လည်းကောင်း၊ ဖြစ်ပေးနေတဲ့ အခြားအခြား သတင်းဌာနတွေက လည်းကောင်း၊ ကျနော်တို့ သတင်းတော့ ရထားပါတယ်။ သတင်းမှန်၏၊ မမှန်၏ဆိုတာကတော့ သတင်းသာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူလူထုထိခိုက်မှုမဖြစ်ရအောင် ရဲတပ်ဖွဲ့လုံခြုံရေး တာဝန်ယူထားရတာဖြစ်တဲ့အတွက် လုံခြုရေးတာဝန်ကိုတော့ ပိုပြီးဂရုစိုက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့ပြင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေး အင်အားတွေ အရင်ထက် နှစ်ဆတိုးမြင့်ချထားပြီးဖြစ်တယ်တယ်လို့ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။
ARSAအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ သြဂုတ် ၂၅ နောက်ပိုင်းမှာ သေဆုံးသူ ၈၄ ဦးနဲ့ ပျောက်ဆုံးသူ ၅၄ ဦးရှိပြီလို့ အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။
သတင်း - ၀ဏ္ဏခွာညို











