DVB Logo
Home
မြန်မာသတင်း
မိုးကြိုးပြင်အလယ်ရွာထိပ်၌ ဒေသခံများက ကြေးနီစီမံကိန်းကားများကို တားဆီးဆန္ဒပြ
DVB
·
October 10, 2017
မိုးကြိုးပြင်အလယ်ရွာထိပ်၌ ဒေသခံများက ကြေးနီစီမံကိန်းကားများကို တားဆီးဆန္ဒပြ
Donate to DVB

မုံရွာ လက်ပံတောင်းတောင်ဒေသက မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ကြေးနီစီမံကိန်းကို သွားလာနေတဲ့ မော်တော်ယာဉ်တွေကို တားဆီးနေတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းနေပါတယ်။

အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီခန့်ကစပြီး တားဆီးထားတာကြောင့် ဒီနေ့မနက်မှာတော့ တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန်းနိုင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ဒေသခံတွေနဲ့ လာရောက်ညှိနှိုင်းနေတာပါ။

ဒေသခံတွေကတော့ စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ အစားထိုးမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေးအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့သာ တောင်းဆိုနေတာဖြစ်ပြီး တွေ့ဆုံခွင့်ရတာနဲ့ တားဆီးထားတဲ့ ကားတွေကို လွှတ်ပေးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်နေ့ ဆန္ဒပြပွဲမှာတော့ အခုလ ၂၀ ရက်နေ့ကို  ဒေသခံတွေ တောင်းဆိုနေတဲ့ အစိုးရ၊ ပြည်သူ၊ ဦးပိုင်၊ ဝမ်ပေါင် ၄ ပွင့်ဆိုင် တွေ့ဆုံရေးလုပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကလည်း အသင့်အနေအထားရှိနေပြီး ညှိနှိုင်းနေဆဲဖြစ်သလို ပြေလည်မှုတော့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013