DVB Logo
Home
မြန်မာသတင်း
ဘက်စုံသုံးတာဝေးစီး လျှပ်စစ်ကား ဒေါ်လာ ၁၂၀၀၀ ဖြင့် ရောင်းချ
DVB
·
October 9, 2017
ဘက်စုံသုံးတာဝေးစီး လျှပ်စစ်ကား ဒေါ်လာ ၁၂၀၀၀ ဖြင့် ရောင်းချ
Donate to DVB

ဘက်စုံသုံးတာဝေးစီး လျှပ်စစ်ကား သုံးဘီးတပ်ယာဉ်ငယ်လေးဟာ မာ့ခ် ဖရိုမေယာ (Mark Frohnmayer) ရဲ့ ၁၀ နှစ်တာ ကြိုးပမ်းတီထွင်ခဲ့တာဖြစ်ပါတယ်။

အာစီမိုတို အက်အာခေ(Arcimoto SRK) လို့ခေါ်တဲ့ ဘက်စုံသုံးတာဝေးစီး လျှပ်စစ်ကားလေးကို ဒေါ်လာ တစ်သောင်းနှစ်ထောင်နဲ့ အမေရိကန်နိုင်ငံမှာ ဝယ်ယူနိုင်ပါ တယ်။ လာမယ့် နွေရာသီ အကုန်ပိုင်းမှာ ပထမဆုံးမှာယူထားသူတွေဆီကို အရောက်ပို့ပေး နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ARCIMOTO ကိုတီထွင်သူ မာ့ခ် ဖရိုမေယာက "မော်တော်ဆိုင်ကယ်တစီးလို ပေါ့ပါးသွက်လက်ပြီး လမ်းတွေပေါ်မှာ တကယ်ကိုဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်မျိုး ရှိရမယ့် အပြင် မော်တော်ကားတစီးလို ကျယ်ဝန်းပြီး လူနဲ့ ကုန်စည်တွေကို တည်တည်ငြိမ်ငြိမ် တင်ဆောင်နိုင်တဲ့ ယဉ်တစ်စီးဖြစ်လာဖို့ စိတ်ကူးပုံဖော်ခဲ့တာပါ။ ဒီအတွက် အရင်က ဈေးကွက်အရ အရမ်းအောင်မြင်ခဲ့သလိုမျိုး စစ်မှန်တဲ့ ထုတ်လုပ်မှုအခွင့်အလမ်းတခု ရှိလာနိုင်ပါတယ်"လို့ ဆိုပါတယ်။

ဖရိုမေယာ(Frohnmayer)က ရှေ့ဦးနမူနာပုံစံ မျိုးကွဲ (၇)ခုမှာ သုံးနေကျ စတီယာရင်ဘီးကိုပဲ အသုံးပြုထားပါတယ်။ နောက်မျိုးဆက်တွေမှာတော့ မော်တော်ဆိုင်ကယ် လက်ကိုင်ပုံစံ ပြောင်းလဲတပ်ဆင်နိုင်ဖို့ စိန်ခေါ်မှုတချို့ကို ကျော်ဖြတ်ခဲ့ပါတယ်။

"ဒီလို လက်ကိုင်ပုံစံ ပြောင်းလဲလိုက်တာက စကူတာတစ်စီးမှာလိုမျိုး ခရီးသည်ပိုပြီး တင်ဆောင်နိုင်တဲ့ ထိုင်ခုံနေရာချထားမှုပုံစံတစ်ခု ရလာစေတဲ့အပြင် ယဉ်ရဲ့ အလျားကို ၂ ပေလောက်လျှော့ချနိုင်တာကြောင့် မျိုးဆက် ၆၊ ၇ နဲ့ ၈ တွေကြားမှာ တဆင့်ထက်တဆင့် အလေးချိန် ပေါင် ၆၀၀ စီလောက်လျှော့ချနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ မှန်းထားတဲ့ အလေးချိန်ထက် အများကြီးလျှော့နည်းသလို အားလုံးစီးပျော်တဲ့ ယဉ်တစ်စီးဖြစ်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း လျော့ကျစေခဲ့ပါတယ်။"လို့ ဖရိုမေယာ(Frohnmayer)က ပြောပါတယ်။

SRK က တစ်နာရီကို ၈၅ မိုင်နှုန်းနဲ့ မိုင် ၇၀ တောက်လျှောက်မောင်းနှင်နိုင်ပါတယ်။ ဒါက ဆီစားနှုန်း တစ်ဂါလံကို မိုင် ၂၃၀ စကေးနဲ့ ညီမျှပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ကြိုတင်မှာယူမှုပေါင်း ၁၅၀၀ ကျော်ကို လက်ခံရရှိထားပြီး ဒါက ကနဦးမှာယူမှု သက်သက်ပဲ ဖြစ်တယ်လို့ ဖရိုမေယာ(Frohnmayer) ကဆိုပါတယ်။ နေ့စဉ် ခရီးဝေး အလုပ်ဆင်းရသူတွေကို ကမ်းလှမ်းရောင်းချတာကြောင့် မကြာမီမှာ ဒီကားသေးသေးလေး တွေက ရာသီဥတုပြောင်းလဲမှုကို အံတုနိုင်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်ချက်တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013