Home
မြန်မာသတင်း
ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း ဆင်သားရေခြောက်များ တွေ့ရှိ
DVB
·
October 9, 2017
တိုက်ကြီးမြို့နယ်၊ ဥက္ကံသစ်တောကြိုးဝိုင်း အကွက်အမှတ်၇၂/၇၃ကြားမှာ မီးအပူပေးကျပ်တိုက်ပြီး အခြောက်ခံထားတဲ့ ဆင်သားရေခြောက် ပိဿာအချိန် ၂၀ ကို တွေ့ရှိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။ သစ်ထုက်လုပ်ရေးဦးစီးဌာနလက်အောက်ရှိ အရေးပေါ် တောဆင်ရိုင်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အောက်တိုဘာ ၆ ရက်က တောထဲမှာ ဆင်တွေနဲ့ ကင်းလှည့်နေချိန် တောင်ကမ်းပါးယံမှာ သံသယာရှိတဲ့ တဲတွေ့လို့ သွားရောက်ကြည့်ရာ ဆင်သားရေတွေကို မီးအပူပေး ကျပ်တိုက်ထားတဲ့ ဆင်သားရေအထုပ်တွေ တွေ့လို့ သစ်တောကို  အကြောင်းကြားခဲ့တာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးစိုးမင်းသူက ပြောပါတယ်။ “အောက်တိုဘာ ၇ ရက်နေ့က သစ်တောအဖွဲ့ရယ်၊ သစ်တောရဲတပ်ဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ ဆင်သားရေအခြောက်တွေကို ခွဲပြီးထုပ်ထားတဲ့ အထုပ်လေးထုပ်ကို တွေ့ပါတယ်။ ဒါနဲ့ကျနော်တို့ အဖွဲ့တွေလည်း ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးတော့ ဆင်ကိုသတ်ထားတာနဲ့ ပတ်သက်ပြီး ဘာမှာမတွေ့ရဘူး။ ဆင်ကိုတစ်ခြားနေရာမှာသတ်ပြီး ဒီမှာဆင်သားရေကို အခြောက်ခံထားတယ်လို့ ယူဆရတယ်၊ ထုပ်ပိုးထားပြီး သယ်ဆောင်ဖို့ ပြုလုပ်ထားလို့ ယူဆရတယ်။ ဥက္ကံနယ်မြေရဲစခန်းက တရားခံပေါ်ပေါက်ရေးအတွက် အမူဖွင့်တိုင်တန်းထားပါတယ်။” တိုက်ကြီးမြို့နယ်မှာ ၂၀၁၆ ခုနှစ်မှာ တောဆင်ရိုင်း အကောင်ရေ ဆယ်ကောက်အထက် အသတ်ခံရပြီး ကျေးရွာအုပ်ချူပ်ရေးမှူး ပါဝင်တဲ့ ဆင်မုဆိုးအဖွဲ့ကို လက်နက်တွေနဲ့အတူ ဖမ်းစီးနိုင်ခဲ့ပြီး လွက်မြောက်နေတဲ့ ဆင်မုဆိုးတွေလည်းရှိနေပါတယ်။ အခုအခါမှာတော့ သစ်ထုတ်လုပ်ရေး ဦးစီးဌာနလက်အောက်ရှိ အရေးပေါ်တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့နဲ့ ပဲခူးရိုးမတောအတွင်း ဆင်တွေနဲ့ လှည့်လည် စောင့်ကြည့်နေပါတယ်။ သာယဝတီမြို့နယ်တိုက်ကြီးမြို့နယ်နှင့်လှည်ကူးမြို့နယ်တို့တွင်တောဆင်ရိုင်းအကောင်ရေ ၄၀ လောက်ရှိကြောင်း သစ်တောဦးစီးဌာနစစ်တမ်းအရ သိရပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024