DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ရေမီတာအရေအတွက် စာရင်းကွာဟနေသဖြင့် စစ်ဆေးအရေးယူ
DVB
·
October 9, 2017
မန္တလေးမြို့တွင် ရေမီတာအရေအတွက် စာရင်းကွာဟနေသဖြင့် စစ်ဆေးအရေးယူ
Donate to DVB

 

မန္တလေးမြို့မှာ စည်ပင်ကတရားဝင်ချထားပေးတဲ့ ရေမီတာဟာ အခွန်ဌာနနဲ့ ရေသန့်ဌာနမှာရှိတဲ့ အလုံးရေတွက်မတူတာကြောင့် စစ်ဆေးအရေးယူနေတာတွေ လုပ်ဆောင်နေတယ်လို့ မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။

စည်ပင်သာယာရေး ရေခွန်ဌာနမှာ ရေမီတာအလုံးပေါင်း ၉၀၁၀၀ ရှိပေမယ့် ရေသန့်ဌာနမှာ ရေမီတာအလုံးပေါင်း ၉၈၀၀၀ ရှိပါတယ်။

ဒီလိုအလုံးရေတွက် ကွဲလွဲတာကြောင့် စက်တင်ဘာ ၁၉ ရက်မှာ စတင်ပြီး မဟာအောင်မြေမြို့နယ်၊ အောက်တိုဘာ ၂ ရက်နေ့က စတင်ပြီး အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေကို  အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ကော်မတီဝင် ဦးကျော်ဇောအောင် ကပြောပါတယ်။

ရေမီတာအသစ်အတွက် တလုံးကို ကျပ် ၄ သောင်းနှုန်းနဲ့ တပ်ဆင်ပေးပေမယ့် ရေပိုက်သွယ်တန်းက ပေအကွာဝေးအတိုင်း ကောက်ခံတာဖြစ်နေပါတယ်။  စည်ပင်ရေသွယ်တန်းတာတွေရှိပေမယ့် မြို့နယ်တချို့မှာ ရေမလာတာ အမှိုက်တချို့နဲ့ ရေညှိတချို့ ပါဝင်တာတွေ ရှိတယ်လို့ မြို့နေလူထုထံက သိရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013