DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူအပေါ်ထိခိုက်မည့် ရင်းနှီးမြှုပ်နှံမှု ကေအန်ယူခွင့်မပြု
DVB
·
October 9, 2017
သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူအပေါ်ထိခိုက်မည့် ရင်းနှီးမြှုပ်နှံမှု ကေအန်ယူခွင့်မပြု
Donate to DVB

 

သဘာဝပတ်ဝန်းကျင်နဲ့  ပြည်သူတွေ ထိခိုက်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ထုတ်ပြန်လိုက်ပါတယ်။

အဆင့်မြင့်နည်းပညာသုံး စီးပွားရေးလုပ်ငန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အကာအကွယ်ပြုနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ မရှိသေးသရွေ့  ဒီလို ရင်နှီးမြှုပ်နှံမှုတွေ ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့  ၁၆ ကြိမ်မြောက် ကေအန်ယူ ကွန်ကရက်အပြီး  ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မီတီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တာပါ။

ဒီအစည်းအဝေးမှာ ကေအန်ယူက လုပ်ဆောင်နေတဲ့ တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်တွေကို ပြန်လည် သုံးသပ်ရာမှာရလာတဲ့ အချက်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးတာ၊ ကြားကာလဆိုင်ရာမူ ၀ါဒါတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာသဘောထားတွေနဲ့လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေကို ဆွေးနွေးခဲ့ကြပါတယ်။

စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေနဲ့ပတ်သက်လို့  သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေကို ကြီးကြီးမားမား ထိုက်ခိုက်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို လက်ခံဖို့ အချိန်မကျသေးကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကေအန်ယူအနေနဲ့ မိမိနယ်မြေအတွင်း သစ်တောကြိုးဝိုင်း၊ တိရိစ္ဆာန်ဘေးမဲ့တွေ အတွင်းဝင်ရောက်ပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်မှုတွေကိုလည်း ကေအန်ယူရဲ့ သစ်တောဌာန မူဝါဒလုပ်ငန်းလမ်းစဉ်နဲ့ညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်လို့ဆိုပါတယ်။

ကေအန်ယူတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်နယ်မြေအတွင်း အမျိုးသားဥယျဉ်၊ သစ်တော ကြိုးဝိုင်းသတ်မှတ်ခြင်းနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ၀င်ရောက်လုပ်ကိုင်မှုတွေဟာ လက်ရှိ ငြိမ်ချမ်းရေးတည်ဆောက်ဆဲကာလမှာ အခက်အခဲဖြစ်လာတဲ့အတွက် အဲဒီလုပ်ငန်းတွေ နဲ့ပတ်သက်လို့ မိမိတို့ရဲ့ မူဝါဒကိုအခြေခံပြီး ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီအရေးပေါ် ဗဟိုမြဲတမ်းကော်မီတီအစည်းအဝေးကို အောက်တိုဘာ ၄ ရက်နေ့ကနေ ၇ ရက်အထိ ကေအန်ယူထိန်းချုပ်ရာ လေးဝါးစခန်းမှာ ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅ ဦးတက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013