DVB Logo
Home
မြန်မာသတင်း
ပြန်ရောက်လာသည့် ဟိန္ဒူအမျိုးသမီးများနှင့် အဆက်အသွယ်မရသဖြင့် ဆွေမျိုးများစိုးရိမ်ပူပန်နေ
DVB
·
October 9, 2017
ပြန်ရောက်လာသည့် ဟိန္ဒူအမျိုးသမီးများနှင့် အဆက်အသွယ်မရသဖြင့် ဆွေမျိုးများစိုးရိမ်ပူပန်နေ
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာပြည်ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူဘာာသာဝင် အမျိုသမီးတွေနဲ့ အဆက်အသွယ်မရတာကြောင့် သူတို့ရဲ့ဆွေမျိုးတွေက စိုးရိမ်ပူပန်နေပြီး ပြန်ဆုံတွေ့ဖို့ မျှော်လင့်နေပါတယ်။

ARSA အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖမ်းဆီးေ ခေါ်ဆောင်သွားတယ်ဆိုတဲ့  ဟိန္ဒူအမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦးတို့  အောက်တိုဘာ ၄ ရက်က မောင်တောကို အစိုးရအစီအစဉ်နဲ့ ပြန်လည် ခေါ်ဆောင်လာတယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဟိန္ဒူအမျိုးသမီး ၈ ယောက်ဟာ သူတို့မိသားစုဝင်တွေနဲ့ အခုအချိန်အထိ အဆက်အသွယ်မရရှိသေးတဲ့အတွက် ဆွေမျိုးသားချင်းတွေကတော့ စိတ်ပူပင်နေပြီး အမြန်ဆုံး ပြန်ဆုံချင်နေကြတယ်လို့ပြောပါတယ်။

ပြန်ရောက်လာတဲ့အမျိုးသမီးနဲ့ တူတော်စပ်သူ မောင်တောမြို့နယ် ခမောင်းဆိပ်တောင်ရွာနေ  အာရှီကုမာက “အခုရောက်နေတဲ့အထဲမှာ ဖုန်းအဆက်အသွယ်လည်း မရှိသေးဘူး။ လက်တွေ့တွေ့ရတာလည်း မရှိသေးဘူး။ ကြားတော့ကြားတယ်။ တပ်မတော် ကတော့ လုံခြုံမှုရှိမယ်နေရာကိုထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မပူနဲ့လို့ ကျနော်တို့ကို ပြောခဲ့တယ်။ သူတို့က လုံခြုံတဲ့နေရာကို ထားပေးမယ်လို့ ပြောပါတယ်။  ကျနော်တို့ကတော့ အတူတူ နေချင်တယ်။ မိန်းကလေးတယောက်ရယ်။ ကျနော်ရယ်။ မိသားစု ၁၀ယောက်ထဲမှာ လေးဦးပဲကျန်တယ်ဆိုတော့ လေးယောက်အတူနေချင်ပါတယ်။”

သမီးတဦးနဲ့ ချွေးမတဦးနဲ့ မြေးနှစ်ဦးကိုလည်းအခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုဝင်တွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ မောင်တောမြို့နယ် ခမောင်ဆိပ်ကျေးရွာက အဖွားမီနှုဘာလာကပြောပါတယ်။

“ကျမတို့ကြားတာက သူတို့မြန်မာပြည်ကို ပြန်ရောက်နေတယ်ဆိုတာတော့ လူတွေပြောလို့ကြားတယ်။ ဒါပေမယ့် ဘာတခုမှ အဆက်အသွယ်မရသေးပါဘူး။ ကျမမှာ ချွေးမတယောက်ရယ်၊ သမီးတယောက်ရယ်၊ မြေးနှစ်ယောက်ပါ။ ARSA အကြမ်းဖက်သမားတွေ ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတဲ့ ဟိန္ဒူမိသားစုဝင်တွေကတော့  သူတို့ရဲ့ နေရပ်တွေဖြစ်တဲ့ မောင်တော- ဘူးသီတောင်ဒေသကို ပြန်အခြေချနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။

သြဂုတ်၂၅ရက် က ARSA အကြမ်းဖက်အဖွဲ့က မောင်တော၊ ဘူးသီးတောင်ဒေသက နယ်ခြားစောင့်ရဲနဲ့တပ်စခန်း၃၀ ကို တပြိုင်နက်တည်း ဝင်းရောက်စီး နင်းခဲ့ပြီး ဒေသခံ လူနည်းစုတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေအပါအဝင် မြို၊သက်၊ ဒိုင်းနက်လူမျိုးတွေနဲ့ ဟိန္ဒူ ဘာသာဝင်တွေကိုပါ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013