DVB Logo
Home
မြန်မာသတင်း
ပြွန်တန်ဆာတွင် မျက်စိဝေဒနာရှင် ၁၅၀၀ ကို အခမဲ့ ကုသပေးမည်
DVB
·
October 9, 2017
ပြွန်တန်ဆာတွင် မျက်စိဝေဒနာရှင် ၁၅၀၀ ကို အခမဲ့ ကုသပေးမည်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ သီတဂူစက္ခုဒါနဆေးရုံကြီးမှာ ဒီနေ့ နေ့လယ်ပိုင်းက စတင်ပြီး မျက်စိဝေဒနာရှင် ၁၅၀၀  ကို အခမဲ့ခွဲစိတ်ကုသပေးမယ်လို့ သီတဂူစက္ခုဒါနဆေးရုံ ဥက္ကဋ္ဌက ပြောပါတယ်။

၂၀၁၇ ဖေဖော်ဝါရီ ၂၂ ရက်က တကြိမ်အခမဲ့ ခွဲစိတ်ကုသပေးခဲ့ဖူးပြီး ခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးတာလို့လည်း ဆိုပါတယ်။

ခွဲစိတ်ကုသပေမယ့်အဖွဲ့က သီတဂူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်မှုနဲ့ သီတဂူ မျက်စိကုသရေးအဖွဲ့က မျက်စိပါရဂူကြီးများကိုယ်တိုင် အောက်တိုဘာ  ၉၊ ၁၀၊ ၁၁ နဲ့ ၁၂ ရက်တွေမှာ ခွဲစိတ်ကုသပေးပြီး ၁၃ နဲ့ ၁၄ ရက်နေ့တွမှာ ခွဲစိတ်ထားတဲ့လူနာတွေကို ပြန်စစ်ဆေးမှု တွေပြုလုပ်မယ်လို့လည်း ပြောပါတယ်။

ညောင်လေးပင်၊ မဒေါက်၊ ပိန်ဇလုပ်၊ ကျောက်တံခါး၊ ဒိုက်ဦး စတဲ့မြို့တွေမှာ အောက်တိုဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ လိုက်လံနှိုးဆော်ကာ စာရင်းကောက်ထားခဲ့တာဖြစ်ပြီး အဲဒီမြို့တွေက မျက်စိဝေဒနာရှင်  ၁၅၀၀ လာရောက်ကုသမှု ခံယူကြမှာလို့လည်း ဆိုပါတယ်။

သီတဂူစက္ခုဒါနဆေးရုံ ဥက္ကဋ္ဌ ဦးမြင့်သိန်းက “ကျနော်တို့ကို ဆရာဝန်ကြီးတွေက လူနာ ၁၅၀၀ စာရင်းကို ကောက်ခိုင်းထားပါတယ်။ အခုလက်ရှိတော့ စာရင်းလာပေးသူ ၁၇၀၀ လောက်ရှိနေပါပြီ။ ဒီမှာမလာနိုင်တဲ့လူတွေရှိရင်လည်း အစားထိုးပြီးကုသလို့ရအောင်ပ ပိုကောက်ထားတာပါ။ ကျန်ခဲ့တဲ့သူတွေကို နောက်တခေါက်လာကုတဲ့အချိန်မှာ ပါသွားလို့လည်း ရအောင်ပေါ့။ ဒီမှာကမျက်စိခွဲစိတ်ကုသမယ်။ မျက်စိမှုန်တဲ့သူတွေကိုလည်း မျက်မှန်အခမဲ့ စမ်းသပ်ပြီးပေးမယ်။ ဒီနေ့ နေ့လယ်ပိုင်းကစပြီး ကုသပေးမှာပါ” လို့ ပြောပါတယ်။

လူနာတွေအနေနဲ့ စမ်းသတ်ခွဲစိတ်တာ၊ မျက်စိမှုန်ဝေဒနာရှင်တွေကို မျက်မှန်ပေးတာ အကုန်လုံးအခမဲ့ကုသပေးမှာဖြစ်ပြီး လာရောက်ကုသတဲ့ မျက်စိဝေဒနာရှင်တွေနဲ့ လူနာစောင့်တွေကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို အခမဲ့ကျွေးမွေးလှူဒါန်းသွားမယ်လို့ သိရပါတယ်။

သတင်း၊ဓတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013