DVB Logo
Home
မြန်မာသတင်း
ဟိုပင်မြို့တွင် တရားမ၀င် ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
October 9, 2017
ဟိုပင်မြို့တွင် တရားမ၀င် ကျောက်စိမ်းတုံးများ ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ အောက်တိုဘာ ၈ ရက်ညနေ ၆ နာရီခွဲ က တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဟိုပင်နယ်ထိန်း ဒုရဲအုပ် ရှိန်းထက်ဦးနဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သတင်းအရ မြို့မမြောက်ရပ်ကွက်၊ မြို့ဝင်ထွက်မောင်းတံဂိတ်မှာ စောင့်ဆိုင်းနေချိန် ဖားကန်ကနေ မန္တလေးကို ယာဉ်မောင်း နိုင်ဝင်းအောင်မောင်းနှင်ပြီး ဒေါ်ခင်မာကြည့် စီးနင်းလိုက်ပါလာတဲ့ ကချင်-မန္တလာ အဆင့်မြင့် ခရီးသယ်ပို့ဆောင်ယာဉ်ကို စစ်ဆေးရာ ယာဉ်ကြမ်းခင်းနဲ့ ဖရိမ်ကြားမှာ အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာတဲ့ တရားမဝင်ကျောက်စိမ်းတုံး ဆိုဒ်စုံ ၁၅၅ လုံး၊ အလေးချိန် ၁၄၇ ပိဿာ လောက်ကို ရှာဖွေသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

ဟိုပင်ရဲစခန်းက တရားမဝင်ကျောက်စိမ်းတုံးတွေ သယ်ဆောင်လာသူ ယာဉ်မောင်း နိုင်ဝင်းအောင်နဲ့ ဒေါ်ခင်မာကြည် တို့ကို ကျောက်မျက်ဥပဒေပုဒ်မ-၄၂ (က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013