
နာမည်ကျော်အဆိုတော် ဖြူဖြူကျော်သိန်းက ငြိမ်းချမ်းရေးအကြောင်းသီဆိုထားတဲ့ “မျက်ရည်”လို့ အမည်ပေးထားတဲ့ တေးသီချင်းတပုဒ်ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိတ်သတ်တွေနားဆင်နိုင်အောင် အမြည်းသဘောတင်ထားတာတွေ့ရပါတယ်။
ဒီသီချင်းဟာ “ဖြူဖြူ့ရဲ့ (၆၁) ပုဒ်မြောက်ကိုယ်ပိုင်သံစဉ်သီချင်းသစ် "မျက်ရည်" အမြည်းလေးပါ… ဖြူဖြူ့ရဲ့သုံးပုဒ်မြောက် ငြိမ်းချမ်းရေးသီချင်းလည်းဖြစ်ပါတယ်"လို့ ရေးသားထားပါတယ်။
“တောင်နံရံတွေငိုနေပြီ…... အလင်းမဲ့သောကောင်းကင်ဆီ... ရဲရဲနီတဲ့အတိတ်ရဲ့ပန်းချီ… ကျည်ဆန်တွေနဲ့ရေးချယ်သော တောင်ပြာတွေရယ်ငိုနေပြီ ဖေးကူမယ့်လက်တွေမရှိ” စတဲ့ စာသားတွေပါဝင်တဲ့ ဒီသတင်းကို တေးရေးကျော်ဝင်းသန့်က ခံစားရေးဖွဲ့ထားတာဖြစ်ပြီး Sound Square တီးဝိုင်းရဲ့တီးခတ်မှုနဲ့အတူ စတူဒီယို Pro မှာ အသံသွင်းတာဖြစ်ပါတယ်။
ရုပ်သံ -ဖြူဖြူကျော်သိန်း











