DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ
DVB
·
October 9, 2017
ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၃၅ ဦး ဒဏ်ရာရ
Donate to DVB

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၆ အနီးမှာ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ရာ အမျိုးသမီး ၁ ဦးသေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲထံက သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ မနက် ၃ နာရီခွဲလောက်က အမြန်လမ်းကြီးမိုင်တိုင်အမှတ် ၁၅၅/၇ နဲ့ ၁၅၆/၀ အကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ဝေလင်းသူ မောင်းနှင်လာတဲ့ မန်းရွှေမြို့တော် EXPRESS ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအ၀င် ၄၃ ဦးအနက် အမျိုးသား ၁၈ ဦး အမျိုးသမီး ၁၇ ဦး စုစုပေါင်း  ၃၅ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို တောင်ငူဆေးရုံနဲ့ ရေတာရှည်ဆေးရုံကို ပို့ဆောင်ကုသားတယ်လို့ သိရပါတယ်။

ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းက ယာဉ်အားမဆင်မခြင်ပေါ့လျှော့စွာမောင်းနှင်သူ ယာဉ်မောင်း ဝေလင်းသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၇ နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း ယာဉ်မတော်တစမှုပေါင်း ၄၀၀ လောက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၀၈ ဦး ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013