DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် တရားမဝင်ကျွန်းသစ်များ ဖမ်းမိ
DVB
·
October 9, 2017
အင်္ဂပူမြို့နယ်တွင် တရားမဝင်ကျွန်းသစ်များ ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် မဲဇလီကုန်း-ဘန့်ဘွေးကုန်းကားလမ်းမှာ တရားမဝင်ကျွန်းသစ်လုံးတွေ တင်ဆောင်လာတဲ့ ကားတစီး ဖမ်းဆီးရမိခဲ့ပါတယ်။
အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးမောင်မောင်ဦးက “ဖမ်းတာကတော့ ည ၂ နာရီကျော်လောက်က ဖမ်းတာပါ။ ကျွန်းသစ်လုံးတွေပါ၊ သုံးပေအောက် ကျွန်းသစ်လုံးပိုင်းတွေပေါ့။ အားလုံးပေါင်း ၅၈ လုံးဖြစ်ပြီး တန်အားဖြင့် ၁ တန်ကျော်ပါ။ ကျနော်တို့က တရားလိုလုပ်ပြီး ရဲစခန်းမှာအမှုဖွင့်မှာပါ။ အမှုကို ဥပဒေပါအတိုင်း ပြည်သူပိုင်းပစ္စည်းကာကွယ်စောင့်ရှောင်ရေး ဥပဒေပုဒ်မ၆၁နဲ့ အမှုဖွင့်သွားမှာပါ” လို့ ပြောပါတယ်။
“တရားခံကို ခုအချုပ်ထဲ ထည့်ထားပါတယ်။ သစ်တွေကတော့ မြန်အောင်မြို့နယ်ထဲက လာတာလို့ အကြမ်းဖျင်းသိရတယ်။ သစ်တောက စာရင်းဇယားတွေရတာနဲ့ ရဲလုပ်ငန်းတွေအရ လုပ်ဆောင်မှာပါ” လို့ မဲဇလီကုန်းရဲစခန်းက ရဲတပ်ကြပ်ကြီးစံရင်က ပြောပါတယ်။
ဟသာင်္တခရိုင်အတွင်းမှာ အင်္ဂပူမြို့နယ်ကတော့ သစ်ဖမ်းဆီးရမိမူ အများဆုံးဖြစ်ပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013