DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
October 9, 2017
ပဲခူးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ
Donate to DVB

ပဲခူးမြို့ မဇင်းရပ်ကွက် အိုးလေးစုပိုင်းမှာ အောက်တိုဘာ ၈ ရက် ၇ နာရီလောက်က တသောင်းတန်ငွေစက္ကူ  အတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၂) နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကြည်က ပြောပါတယ်။

အဲဒီညက ငွေစက္ကူအတုတွေ ကိုင်ဆောင်သုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ ရဲအုပ် အောင်လွင်မိုးနဲ့ အဖွဲ့ဟာ သက်သေတွေနဲ့အတူ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ အိုးလေးစုပိုင်း (၂)လမ်းသွယ်၊ အမှတ်(၁၈၀) အိမ်ငှားနေသူ အောင်ကျော်ထွေး(ခ) ဘားလား ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် သုံးထပ်သစ်သား ဘီဒိုအောက်ထပ်ကနေ အမျိုးသမီးဝတ်အဝတ်စားနဲ့ လိပ်ထားတဲ့ ၁ သောင်းတန် ငွေစက္ကူအတု ၂၃ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

တရားခံလို့ယူဆရတဲ့ အောင်ကျော်ထွေးရဲ့ ပြောပြချက်အရ မဇင်းရပ်ကွက်နေ ကိုကာစိ နေအိမ်ကို ထပ်မံရှာဖွေရာ ဘာမှမတွေ့ခဲ့ဘူးလို့ မဇင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုလို ငွေစက္ကူအတုတွေ ကိုင်ဆောင်အသုံးပြုသူ အောင်ကျော်ထွေး (ခေါ်) ဘားလား ကို အမှတ် ၂ နယ်မြေရဲစခန်းက (ပ)၇၉၅/၂၀၁၇ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ ဖမ်းဆီး အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013