DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဟိန္ဒူများအတွက် ကျောက်တံခါးတွင် ဆုတောင်းပွဲပြုလုပ်
DVB
·
October 8, 2017
အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဟိန္ဒူများအတွက် ကျောက်တံခါးတွင် ဆုတောင်းပွဲပြုလုပ်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဆုတောင်းပွဲနဲ့ အကြမ်းဖက်မှုအား ဆန့်ကျင်ရှုတ်ချပွဲကို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သနန္တနဓမ္မရိပ်သာမှာ ဟိန္ဒူတွေက ဒီနေ့မနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မြန်မာတနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲချုပ် ကျောက်တံခါးမြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်က ရခိုင်ပြည်နယ်မောင်တောဒေသမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်းနဲ့ အခြားတိုင်းရင်းသားတွေအတွက် ၀မ်းနည်းကြောင်းနဲ့ အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း၊ ဟိန္ဒူဘာဝင်တွေအနေနဲ့လည်း ဒေသခံတိုင်းရင်းသားတွေနဲ့ အမုန်းမပွားဘဲ ဆွေမျိုးအရင်းအချာလို မိမိတို့ရပ်ရွာတိုးတက်ရေးနဲ့ အေးချမ်းသာယာရေးအတွက် ကူညီကြဖို့ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ ဘဝပြန်လည်ထူထောင်ရေးနဲ့ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် တိုက်တွန်းသွားပါတယ်။

အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားတွေနဲ့ ဟိန္ဒူတွေ တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရှိ ဟိန္ဒူတွေအတွက် ကျောက်တံခါးမြို့နယ် ဟိန္ဒူဘာသာရေးအဖွဲ့ခွဲက စုပေါင်းပြီး စက်တင်ဘာ ၂၄ ရက်က အလှူငွေ ၄၃၅၀၆၁၃ ကျပ် နဲ့ ဆာရီအထည် ၁၅၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ထပ်မံလှူဒါန်းနှိုင်ဖို့အတွက်လည်း စုဆောင်းနေတယ်လို့ ဆိုပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013