DVB Logo
Home
မြန်မာသတင်း
ကျောက်ပုစွန်များအသုံးပြုပြီး ရေသန့်စင်သည့် ချက်နိုင်ငံက ဘီယာချက်စက်ရုံ (ရုပ်သံ)
DVB
·
October 8, 2017
ကျောက်ပုစွန်များအသုံးပြုပြီး ရေသန့်စင်သည့် ချက်နိုင်ငံက ဘီယာချက်စက်ရုံ (ရုပ်သံ)
Donate to DVB

ချက်(Czech) ဘီယာစက်ရုံတခုက သတ္တဝါငယ်လေးတချို့အကူအညီနဲ့ အဆင့်မြင့် နည်းပညာတချို့ ရရှိခဲ့ပါတယ်။

ပရိုတီဗင် ဘီယာစက်ရုံက ဘီယာချက်ရာမှာ အသုံးပြုတဲ့ စပရင်းဝါးတားရဲ့ သန့်စင်မှုကို ကျေက်ပုစွန်တွေအသုံးပြုပြီး စောင့်ကြည့်အဖြေထုတ်ခဲ့ပါတယ်။ ဒါအပြင် ပန့်နဲ့မောင်းသွင်းထားတဲ့ ရေကန်ထဲကို ကျောက်ပုစွန်တွေထည့်ထားခြင်းအားဖြင့် ရေရဲ့သန့်စင်မှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

အနီအောက်ရောင်ခြည်သုံး ဆင်ဆာတွေနဲ့ နှလုံးရဲ့ ခုန်နှုန်းနဲ့အခြေအနေကို စောင့်ကြည့်နေသလို ကင်မရာတစ်လုံးနဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့် ခဲ့ပါတယ်။ ဘီယာချက်ပညာရှင် မိုက်ကယ်ဘိုးရစ်(Michal Voldrich) က ဒီပရောဆက်ရဲ့ အလုပ်လုပ်ပုံကို အခုလိုရှင်းပြခဲ့ပါတယ်။

"ဒီမှာ ရေအရည်အသွေးကို ကျောက်ပုစွန်တွေနဲ့ ထိန်းချုပ်ပြုပြင်တဲ့ ကန် ၅ ကန်ရှိပါတယ်။ အားလုံးကို ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်ပြီး နှလုံးခုန်နှုန်းနဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နေပါတယ်။ ၃ကြိမ်နဲ့ အထက် လှုပ်ရှားတာ ပြောင်းလဲတာတစ်ခုခုလုပ်လာတာနဲ့ ရေရဲ့အရည်အသွေးမှာ အပြောင်းအလဲဖြစ်နေပြီး ဆိုတာကို သိနိုင်ပြီး အချိန် ၃ မိနစ်အတွင်းမှာ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ရပါတယ်။"

အရင်က ကျောက်ပုစွန်မွေးမြူခြင်းတွေကို ရေသန့်စင်ဖို့နည်းလမ်းအဖြစ်သာ လေ့လာခဲ့ကြပေမယ့် အခုလိုမျိုး ရေသန့်စင်မှုကို အကဲဖြတ်စေပြီး ဘီယာကောင်းကောင်း ချက်လုပ်တဲ့ သီးသန့်ကဏ္ဍမျိုး မှာတော့ အသုံးမချခဲ့ဖူးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013