DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဒေသခံထောင်ချီ ဆန္ဒပြ
DVB
·
October 8, 2017
ကနီမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဒေသခံထောင်ချီ ဆန္ဒပြ
1 / 7
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဂတိလိုက်စားမှုတွေရှိနေ တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ပြုတ်ကျရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့အတွက် ဒေသခံထောင်ဂဏန်းခန့်က ဒီကနေ့မနက်ပိုင်းမှာ ကနီမြို့တွင်းလှည့်လည် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံတွေက ကနီမြို့နယ်အုပ်ချုပ်ရေးမှုး အလိုမရှိ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ဆန္ဒပြနေကြတာပါ။

ကနီမြို့နယ်အုပ်ချုပ်ရေးမှူး အဂတိလိုက်စားတယ်ဆိုပြီး ဒေသခံတွေက တိုင်ကြား ထားတာလည်းရှိပြီး ယင်းမာပင်ခရိုင်ရုံးမှာ ခုံဖွဲ့စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်တင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ထိသွားရောက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံတွေအပြင် မုံရွာမြို့မှ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုကို မလိုလားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013