DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အိမ်စီးကားနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦးသေ
DVB
·
October 8, 2017
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အိမ်စီးကားနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦးသေ
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၄/၅ နဲ့ ၆ အကြား အောက်တိုဘာလ ၇ ရက် ညနေ့ ၆ နာရီခွဲမှာ အိမ်စီးကားနဲ့ဆိုင်ကယ် တိုက်မိခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နေ ကိုအောင်ကျော်စိုး (ခ) ကိုစိုး(၄၄နှစ်) မောင်းလာတဲ့ ဟွန်ဒါဖစ်ခဲရောင်အိမ်စီးကားမှ အရှိန်လွန်ကာ မျက်နှာချင်းဆိုင်မောင်းလာတဲ့ အမည်နေရပ်မသိသေးတဲ့ ဆိုင်ကယ်စီးလာသူ ၂ ဦးကို ဝင်တိုက်မိရာ တဦးပေါင်ကျိုးပြီး တဦး နေရာတင်သေဆုံးသွားခဲ့တာပါ။

တာဝန်ကျအရာရှိ ဒုရဲအုပ်အောင်သူဟိန်းက "ဆိုင်ကယ်မောင်းလာတဲ့သူကတော့ ဦးခေါင်းနောက်စေ့နဲ့ရင်ဘတ် ပေါက်ပြဲသွေးထွက်နေတယ် ဒူးနှစ်ဘက်လုံးကျိုးသွားတယ်။ နေရာတင်သေဆုံးတယ်။ နောက်ခုံကလူကတော့ ဝဲပေါင်ကျိုးပြီး ယာဒူးသွေးထွက်နေတယ်။ စိုးရိမ်ရတယ် မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ နှစ်ဦးလုံးအမည်နေရပ် စုံစမ်းနေပါတယ်"လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ ကိုအောင်ကျော်စိုး (ခ) ကိုစိုးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈နဲ့ အမှုအမှတ် ယာဉ်(ပ)၆၁/၂၀၁၇ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013