DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ခေတ်မီအဝေးပြေး ကားဝင်းအသစ် ဖွင့်လှစ်
DVB
·
October 8, 2017
မြိတ်မြို့တွင် ခေတ်မီအဝေးပြေး ကားဝင်းအသစ် ဖွင့်လှစ်
Donate to DVB

မြိတ်မြို့မှာ ခရီးသည်တင်ကားကြီး ၄၈ စီးတပြိုင်နက် ထွက်ခွာ/ဆိုက်ရောက်ပြုလုပ်နိုင်တဲ့ ခေတ်မီအဝေးပြေးကားဝင်းအသစ်ကို  အောက်တိုဘာ ၇ ရက်က  ဖွင့်လှစ်ခဲ့ပါတယ်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်မှာရှိတဲ့ အဆိုပါကားဝင်းအသစ် ဖွင့်ပွဲကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကားလိုင်းတွေကို စတင်ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရပါတယ်။

ခေတ်မီ မြိတ်အဝေးပြေးကားဝင်းရဲ့ စီမံကိန်းဒါရိုက်တာ ဦးထွန်းထွန်းဝင်းက “ခရီးသည်တွေ လုံခြုံရေးအတွက် စီစီတီဗွီတွေတပ် ဆင်ထားတယ်။ နောက်တခုက မိုက်စနစ်ပေါ့ ဘယ်ကားလိုင်းက ဘယ်အချိန်မှာ ၀င်လာမယ်၊ ဘယ် ကားလိုင်းက ဘယ်အချိန်မှာ ထွက်ခွာမယ်စသဖြင့် ခရီးသည်တွေ သိရှိနိုင်အောင် ကြေညာပေးနေတဲ့စနစ်ပါတယ်။ ကားလိုင်းတွေက ကားတွေနဲ့ တခြားကားတွေ ၀င်ထွက်သွားလာနိုင်ဖို့ ကျယ်ဝန်းတဲ့ကားရပ် နားတဲ့နေရာတွေ၊ ကားအ၀င်ထွက်အချိန်တွေကို မှတ်တမ်းတင်ထားတဲ့ စနစ်တွေပါဝင်မှာ ဖြစ်ပါတယ်။ အဝေးပြေးဝင်းက အကျယ်ဝန်းဆုံးမဟုတ်ပေမယ့် တနိုင်ငံလုံးမှာ ခေတ်အမီဆုံး ဆောင်ရွက်ထားတယ်လို့ ပြောနိုင်ပါတယ်။ ခရီးသည်တင်ကားလိုင်းတွေကိုလည်း အဝေးပြေးဖွင့်လှစ်ချိန်မှ တစ်လအတွင်း အ၀င်/ထွက် အတွက် ငွေကြေးကောက်ခံမှု လုံးဝ မပြုလုပ်ဘဲ ကားခတွေကိုလည်း ခရီးသည်တွေ သက်သာစွာ စီးနင်းနိုင်ဖို့ ကားလိုင်းတွေနဲ့ ဆွေးနွေးထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ခရီးသည်တင်ကားလိုင်းတွေနဲ့ ကုန်ကားတွေ စနစ်တကျဝင်ထွက်နိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ ယာဉ်လိုင်းတွေ ပူးပေါင်းကြပ်မတ်ဆောင်ရွက်ဖို့ ၀န်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ဒီလိုကျယ်ဝန်းပြီး aခတ်မီတဲ့ အဝေးပြေးကားဝင်း ဖွင့်လှစ်နိုင်တဲ့အတွက် တိုင်းဒေသကြီး အစိုးရက အထူးဝမ်းမြောက်မိပါတယ်။ တိုင်းအတွင်းက ခရိုင် ၃ ခရိုင်လုံးမှာ ဒီလိုကျယ်ဝန်းတဲ့ အဝေးပြေးကားဝင်း မရှိသေးပါဘူး၊ ကျမအနေနဲ့လည်း ထားဝယ်အဝေးပြေးကားဝင်း အောင်မြင်ဖို့ ကြိုးစားနေပေမယ့်လည်း အခုထိ မြေယာကိစ္စတွေမပြီး ပြတ်တာကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။”

အခုဖွင့်လှစ်တဲ့ အဝေးပြေးကားဝင်းအသစ်ကို လက်ရှိအ၀င်ထွက်လုပ်နေတဲ့ ကားဝင်းအဟောင်းက ယာဉ်လိုင်းတွေအားလုံး အ၀င်/ထွက်ဆောင်ရွက် ရမှာဖြစ်ပြီး ယာဉ်လိုင်း ၂၄ လိုင်းအတွက် လက်မှတ်အရောင်းဌာနတွေကိုလည်း စီစဉ်ဆောင်ရွက်ပေး ထားပြီးဖြစ်ကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013