DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
DVB
·
October 7, 2017
ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
1 / 2
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘရူနိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံတဲ့ နှစ်၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းနားကို တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  အောက်တိုဘာ ၆ ရက်နေ့က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရောက်ရှိခဲ့ပြီးနောက် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီနောက် ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ Istana Nurul Imam ဘုရင့် နန်းတော်မှာ ကျင်းပတဲ့ ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံတဲ့ နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013