DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမဲ့ သဲကျောက်တူးမှုကြောင့် ငပလီကမ်းခြေအလှ ပျက်စီးလာနေ
DVB
·
October 7, 2017
စည်းကမ်းမဲ့ သဲကျောက်တူးမှုကြောင့် ငပလီကမ်းခြေအလှ ပျက်စီးလာနေ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေမှာ စည်းမဲ့ကမ်းမဲ့ သဲတွေနဲ့ ကျောက်တွေ ထုတ်ယူနေတာကြောင့် ကမ်းခြေရဲ့ သဘာဝအလှ ပျက်စီးလာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပန်းဖြေတဲ့ ငပလီကမ်းခြေတလျှောက်အပါအဝင် စပါးကြီးရပ်ကွက် ပင်လယ်ကမ်းတွေမှာ အခုလို သဲတွေ၊ ကျောက်တွေ စည်းမဲ့ကမ်းမဲ့ ခိုးယူတူးဖော်နေလို့ ငပလီ ကမ်းခြေရဲ့ သဘာဝအလှ တွေ ပျက်စီးလာနေပြီး အချိန်မီမတားဆီးနိုင်ရင် ငပလီကမ်းခြေ ပျောက်ကွယ်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ ရခိုင်သယံဇာတဆိုင်ရာကွန်ရက်ကော်မတီဝင် ဦးညီလေးက “သယံဇာတတွေကို စည်းမဲ့ကမ်းထုတ်ယူနေတာအတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီး နေပြီပေါ့နော်။ ဒါကို မထိန်းသိမ်းဘဲနဲ့ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်တွေ တအားပျက်စီး လာပြီးတော့ နောင်တချိန်မှာ ငပလီဆိုတာ ကမ္ဘာမြေပေါ်က ပျောက်သွားစရာရှိတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသအာဏာပိုင်တွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ တိုင်းကြားပေမယ့် အရေးယူဆောင်ရွက်တာမရှိဘူးလို့လည်း ပြောပါတယ်။

“ညစဉ်ညတိုင်း တူးနေတယ်။ ဒီနေရာမှာဘာရှိလဲ၊ ရဲစခန်းနဲ့ နီးနီးလေး။ ရဲစခန်းနဲ့နီးပါးလျက်နဲ့ ဒေသအာဏာပိုင်တွေက ဘာကြောင့် မတားတာလဲ။ ကျနော်တို့ ဒေသမှာ အာဏာပိုင်းအဖွဲ့အစည်းတွေ မရှိတော့လောက်ဖြစ်နေပြီဆိုတာ ထင်နေရတယ်” လို့ ဦးညီလေးက ပြောပါတယ်။

ဒါပေမယ့် အခုလို သဲထုတ်မှုတွေကို ကင်းလှည့်တဲ့အချိန်မှာ စောင့်ပြီးဖမ်းဆီးနေတာတွေ ရှိတယ်လို့ ငပလီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယုမင်းထိမ်းက ပြောပါတယ်။

22221960_471540119868667_3880094469931824269_n“ကျနော်တို့ဘက်ကတော့ တနင်္လာ၊ သောကြာ ကင်းလှည့်တဲ့ အချိန်ကျရင် သဲထုတ်လုပ်မှုကို တခါတည်း စောင့်ကြည့်ပြီးတော့ ဖမ်းဆီးတာတွေရှိတယ်။ ပထမတ ခေါက်တော့ ဖမ်းဆီးတယ်။ မှတ်တမ်းတွေ သတိပေးတာပေါ့နော်။ ခံဝင်ထိုးတယ်။ ဒုတိယ တခေါက်တော့ တရားစွဲပြီးတော့ တင်ရတာပေါ့။ ထိထိရောက်အပိုင်းကျတော့ တရားစွဲလို့ရတာပေါ့။ ကျန်တဲ့အပိုင်းတော့ လုပ်လို့မရဘူးလို့” ပြောပါတယ်။

ငပလီဒေသတနေရာမှာ သဲတူမယ့်နေရာ မြေလပ်တခုကို တရားဝင်သတ်မှတ်ပြီး တူးသင့်တယ်လို့  ဒေသခံတွေက အကြံပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013