DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 6, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထဆန်
ဧည့်မထဆန်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ တဖြည်းဖြည်း ဈေးတက်ခဲ့ပြီး အောက်တိုဘာ ပထမအပတ်မှာတော့ ၁ အိတ်ကို ငွေကျပ် ၂,၅၀၀ လောက်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဧည့်မထဆန်ကိုတော့ တရုတ်နိုင်ငံကို မူဆယ်ကနေ တင်ပို့နေတာဖြစ်ပြီး အဝယ်များတဲ့အတွက် ဈေးတက်နေတာ ဖြစ်ပါတယ်။

ဧည့်မထဆန်ကတော့ လက်ရှိမှာ ၁ အိတ်ကို ငွေကျပ် ၂၁,၀၀၀ ကနေ ၂၃,၃၀၀ ကျပ် ရှိပါတယ်။

ပေါ်ဆန်မွှေးဆန်
နယ်စုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ဖျာပုံ ပေါ်ဆန်းမွှေးကတော့ ၁ လအတွင်းမှာ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်အတွင်းမှာ ပုံမှန်အရောင်းအဝယ် ရှိနေပေမယ့် အဝင်နည်းလာတဲ့အတွက် ဈေးက မြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိ ပေါက်ဈေးက ၁ အိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

စီပီပြောင်း
စက်တင်ဘာလမှာ ၁ ပိဿာကို ၆၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တဲ့ စီပီပြောင်းက အောက်တိုဘာမှာတော့ ၁ ပိဿာကို ၄၀၀ ကျပ်အထိ ဈေးကျဆင်းသွားပါတယ်။ လက်ရှိအချိန်ဟာ တောင်သူတွေ ပြောင်းတွေ ထုတ်ရောင်းတဲ့အချိန် ဖြစ်တဲ့အတွက် ပြောင်းဈေးတွေက ကျဆင်းနေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ပြောင်းဈေးတွေ ဈေးကျဆင်းနေပေမယ့် နေ့စဉ် ပြောင်းကား အစီးရေ ၃၀၀ ကျော် မူဆယ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။ လက်ရှိ စီပီပြောင်းက ၁ ပိဿာကို ၃၈၀ ကျပ်ကနေ ငွေကျပ် ၄၂၀ ထိ ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013