DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ၏ တူတော်စပ်သူ အသတ်ခံရမှု အမှုမှန် ပေါ်ပေါက်စေချင်ဟု မိသားစုပြော
DVB
·
October 6, 2017
Donate to DVB

ဒုသမ္မတ ဟင်နရီဗန်ထီးယူရဲ့ တူတော်စပ်သူ အသတ်ခံရတဲ့ အမှုကိစ္စနဲ့ပတ်သက်လို့  အမှုမှန် ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ဒုသမ္မတ ဟင်နရီဗန်ထီးယူနဲ့  ညီအစ်ကို တဝမ်းကွဲတော်စပ်သူ ဦးဒုလျန်းက သူ့ရဲ့သားဖြစ်သူ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၆ ရပ်ကွက် အေးရိပ်သာလမ်းမှာ နေထိုင်တဲ့ ကျဲအိုလျန်မန်းဟာ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီက နေအိမ်ကနေ အပြင် ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့တာကြောင့် ဒဂုံမြောက် မြို့မရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ထားခဲ့တာပါ။

အဲဒီနောက်ပိုင်း  သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်ရှိ စုပေါင်းရေဆိုးထွက်ပေါက်ဝ ငမိုးရိပ်ချောင်းကမ်းစပ်မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက အလောင်းတွေ့ရှိခဲ့ပြီး သာကေတအမှတ် ၂ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အလောင်းကို ပြန်တွေ့ချိန်မှာတော့ ဦးခေါင်း ဘယ်ဘက်မှာ ပြတ်ရှဒဏ်ရာ တွေ့တာကြောင့် လူသတ်မှုဖွင့်ထားပြီး၊ အမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့တွေ ပူးပေါင်း စုံစမ်းဖော်ထုတ်နေတယ်လို့  သာကေတအမှတ် ၂ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် သေဆုံးသူ ကျဲအိုလျန်မန်းမှာ စက်တင်ဘာ ၂၁ ရက်က သူ့ချစ်သူနဲ့ ဖုန်းပြောရင်း အကြီးအကျယ် စကားများခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက် ညပိုင်းမှာ ရုတ်တရက် ပျောက်ဆုံးခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်မှာ မနက်ဖြန် တရားတော်နာ ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013