DVB Logo
Home
မြန်မာသတင်း

Yangon Water Bus စတင်ဖွင့်လှစ်

သူဇာလင်း
·
October 6, 2017
Donate to DVB

ရန်ကုန်မြစ်အတွင်း ခရီးသည်ပို့ဆောင်ပြေးဆွဲမယ့် Yangon Water Bus ကို အောက်တိုဘာ ၆ရက်မနက်က ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ရန်ကုန်တိုင်း ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက တက်ရောက် ဖွင့်လှစ်ပေးလိုက်ပါတယ်။

အများပြည်သူတွေအတွက်တော့ အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး စတင်ပြေးဆွဲတဲ့ ပထမဆုံးနေ့မှာ အခမဲ့ စီးနင်းခွင့်ရမှာဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ စီးနင်းခ ခရီးသည် တယောက်ကို ကျပ် ၃၀၀ သတ်မှတ်ထားပါတယ်။

တင့်တင့်မြန်မာကုမ္ပဏီအုပ်စုက စီစဉ်ဆောင်ရွက်တဲ့ Yangon Water Bus ခရီးစဉ်ကို ဗိုလ်တထောင်ဆိပ်ကမ်းကနေ အင်းစိန်၊ အင်းစိန်ကနေ ဗိုလ်တထောင်အထိကို မရွှေပိတောက်၊ ကြည့်မြင်တိုင်နဲ့ လှိုင်သာယာအထိ မှတ်တိုင် ၇ တိုင်မှာ ပြေးဆွဲရပ်နားပေးသွားမှာပါ။

လက်ရှိမှာ သဘောင်္ ၅ စီးနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သန်လျင်မြို့ကိုလည်းတိုးချဲ့ ပြေးဆွဲသွားဖို့ရှိပါတယ်။

ရေယာဉ်ထွက်ခွာချိန်နဲ့ ဆိုက်ရောက်ချိန်ဇယားတွေကို သက်ဆိုင်ရာဆိပ်ကမ်းတွေမှာ ကပ်ထားပေးမယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013