DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာ
DVB
·
October 6, 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာ
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီဘီဂါဝန်မြို့ကို ဒီကနေ့မနက်က နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

ဘရူနိုင်းဘုရင် ဟာဆာနယ်လ်ဘိုကီးယားရဲ့ ဖိတ်ကြားချက်အရ ဘုရင်နန်းမွေဆက်ခံတဲ့ နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရေနံကြွယ်တဲ့ အရှေ့တောင်အာရှဒေသက ဘရူနိုင်းနိုင်ငံမှာ ဘုရင် ဟာဆန်နယ်လ်ဘိုကီးယားရဲ့ နန်းသက် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲကို မနေ့ကတည်းက ကျင်းပရာမှာ ဗြိတိန်နဲ့ အရှေ့အလယ်ပိုင်းက တော်ဝင်မျိုးနွယ်တွေနဲ့ ဒေသတွင်းက နိုင်ငံအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဘရူနိုင်းဘုရင်ဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် နန်းသက်အရှည်ဆုံး ဘုရင်လည်းဖြစ်ပြီး မနေ့ ဘရူနိုင်းမြို့တော်တဝန်းကို တိုင်းခန်းလှည့်လည်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013