DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာရန် နယ်စပ်ရောက်နေသူပေါင်း ၁၇၀၀၀ ကျော်ရှိပြီ
DVB
·
October 6, 2017
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာရန် နယ်စပ်ရောက်နေသူပေါင်း ၁၇၀၀၀ ကျော်ရှိပြီ
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာဖို့ နယ်စပ်အနီး ထပ်မံရောက်ရှိလာနေရာမှာ သီတင်းနှစ်ပတ်လောက်အတွင်း ၁၇၀၀၀ ကျော်ရှိနေပြီလို့  အစိုးရသတင်းထုတ်ပြန်ရေးကော်မတီ  ထုတ်ပြန်ချက်အရ သိရပါတယ်။

တဖက်နိုင်ငံကို တိမ်းရှောင်မယ့် ဘင်္ဂါလီတွေ ထပ်မံစုဝေး ရောက်ရှိနေကြောင်း သတင်းရလို့   လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက် ကြည့်ရှုခဲ့ရာမှာ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက မောင်တောမြို့နယ် လေယာဉ်ပျံကွင်းကျေးရွာ ကမ်းစပ်အနီးမှာ ဘင်္ဂါလီ ၇၃၀ ဦး၊ ငါးရံ့ချောင်းကျေးရွာအနီးမှာ ဘင်္ဂါလီ ၃၈၂ ဦးတို့ကို တွေ့ရှိခဲ့တယ်လို့ ပါတယ်။

ဒါအပြင် အောက်တိုဘာ ၄ ရက်မှာလည်း  ဂေါ်ဒူသာရ ချောင်းဝအနီးမှာ ဂူတာပြင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာနဲ့ သပိတ်တောင်(တောင်)ကျေးရွာတို့မှ ဘင်္ဂါလီ စုစုပေါင်း ၁၄၄၃ ဦးတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာ ၅ ရက်အထိ တဖက်နိုင်ငံကို သွားရောက်ဖို့ နေရပ်စွန့်ခွာပြီး နယ်စပ်အနီး ရောက်လာသူ ဘင်္ဂါလီ စုစုပေါင်း ၁၇၀၁၃ ဦးရှိပြီ ဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲကြောင့် လည်းကောင်း၊ လုံခြုံမှုမရှိလို့ ယူဆလို့ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီတွေက ထွက်ခွာလာဖို့ ဆက်သွယ် ပြောဆိုတာကြောင့် လည်းကောင်း၊ လူနည်းစုဖြစ်မှာကို စိုးရိမ်လို့ တဖက်နိုင်ငံရှိ မျိုးနွယ်စုတွေထံ သွားရောက်လိုတာကြောင့် လည်းကောင်း ခုလို နေရပ်စွန့်ခွာဖို့ ကြိုးစားလာတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013