DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 5, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတဲ့ မတ်ပဲက ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်မှာ ၁ တန်ကို ငွေကျပ် ၅၉၆,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး နောက်ဆုံး အပတ်မှာတော့ ၁ တန်ကို ငွေကျပ် ၅၄၀,၀၀၀ သာ ပေါက်ဈေးရှိခဲ့ပါတယ်။ ၁ လအတွင်း ၁ တန်ကို ငွေကျပ် ၅၂,၀၀၀ ဈေးကျဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဈေးကျဆင်းနေတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် နည်းနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း စက်တင်ဘာလ ပထမအပတ်မှာ ၁ တန်ကို ငွေကျပ် ၄၆၅,၀၀၀ ပေါက်ဈေးရှိပြီး နောက်ဆုံးအပတ်မှာ ၁ တန်ကို ၄၀၉,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပါတယ်။ ၁ လအတွင်း ၁ တန် ၅၆,၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံကတော့ လက်ရှိမှာ အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ပထမအပတ်မှာ ၁ ပိဿာကို ၁,၃၅၀ ကျပ်ကနေ ငွေကျပ် ၁,၇၇၅ ပေါက်ဈေးရှိပြီး နောက်ဆုံးအပတ်မှာတော့ ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ်ထိ ဈေးမြင့်သွားပါတယ်။ ၁ လအတွင်း ၁ ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်သွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း စက်တင်ဘာလ ပထမအပတ်မှာ ၁ ပိဿာကို ၁,၈၀၀ ကျပ်ကနေ ငွေကျပ် ၁,၈၅၀ ပေါက်ဈေးရှိခဲ့ပေမယ့် နောက်ဆုံးအပတ်မှာတော့ ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး ၁ ပိဿာကို  ၁,၅၀၀ ကျပ်ကနေ ၁,၅၅၀ ပေါက်ဈေး ရှိနေပါတယ်။ တရုတ်ကနေ အဝင်များတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013