DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် လုပ်သက်နှစ် ၂၀ ကျော် ဆရာ၊ ဆရာမများကို ဂုဏ်ပြု
DVB
·
October 5, 2017
Donate to DVB

လုပ်သက် ၂၁ နှစ်ကနေ ၃၃ နှစ်အထိ ကျောင်းပုံမှန်တက်ရောက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျောင်း ဆရာ၊ ဆရာမတွေကို  ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုရရှိအောင် ကြီးကြပ်တာဝန်ယူခဲ့တဲ့ ဆရာတွေ၊ ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ဆုချီးမြှင့်ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ယူနက်စကိုက တာဝန်ရှိသူတွေ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံပညာရှင်အဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကုလသမဂ္ဂက ၁၉၉၄ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာဖြစ်ပြီး အခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “လွတ်လပ်စွာ သင်ကြားဖို့၊ ဆရာများကို အားပေးစို့” ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013