DVB Logo
Home
မြန်မာသတင်း
ခိုင်ကမ်းမြို့ ဂျစ်ကားတစီးပေါ်မှ စနက်တံများ ဖမ်းမိ
DVB
·
October 5, 2017
Donate to DVB

ချင်းပြည်နယ် ရိဒ်မြို့နယ်ကနေ ကလေးမြို့ကို မောင်းနှင်လာတဲ့ ဂျစ်ကားယာဉ်ပေါ်မှ ယမ်းပေါက်ကွဲစေတဲ့ ပံ့ပိုးပစ္စည်း စနက်တံတွေကို အောက်တိုဘာ ၄ ရက်နေ့ညက ခိုင်ကမ်းမြို့မှာ တွေ့ရှိ ဖမ်းဆီးမိခဲ့တယ်လို့ ခိုင်ကမ်းမြို့မရဲစခန်းက သိရပါတယ်။

စနက်တံတွေ တင်ဆောင်လာတဲ့ကားကို မောင်းနှင်လာသူမှာ လားလွင်စန်းအာ ဆိုသူဖြစ်ပြီး ယာဉ်ပေါ်မှာ တောထွက်ပစ္စည်း ၁၂ အိတ်ကိုပါ တွေ့ရှိခဲ့ပြီး ပစ္စည်းချပေးရမယ့် အိမ်ကိုလည်း ညတွင်းချင်း သွားရောက်စစ်ဆေးခဲ့တယ်လို့ ခိုင်ကမ်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်က ပြောပါတယ်။

စနက်တံတွေ ထည့်ထားတဲ့ စက္ကူဖာကို အဲဒီနေ့မနက်ပိုင်းက ရိဒ်မြို့(အောက်ချောင်း) ပြည့်အားမာန်ကားဂိတ်မှာ ဦးလွယ်သဲ (ခ) သောနေလွယ်က တန်ဆာခ ငါးသောင်းကျပ်ပေး တင်ဆောင်ခဲ့တာဖြစ်ပြီး ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလွယ်သဲ နေအိမ်ကို သွားရောက်ချပေးရမယ်လို့ ယာဉ်မောင်း လားလွင်စန်းအာ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

သယ်ဆောင်လာတဲ့ စနက်တံ စက္ကူဖာတခုအတွင်း ဘူးငယ်တဘူးမှာ အချောင်း ၁၀၀ တိတိ ပါဝင်ပြီး စုစုပေါင်း စနက်တံ အချောင်း ၁၀၀၀၀ ရှိကာ အိန္ဒိယနိုင်ငံထုတ် ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

စနက်တံတွေဟာ အမှတ် (၈) မီးရှို့စနက်တံ အမျိုးအစားဖြစ်ကြောင်း၊ ပေါက်ကွဲအားမှာ အချောင်းငယ် တချောင်းလျှင် လက်သုံးချောင်းစာလောက် ထိခိုက်ပျက်စီးနိုင်ကြောင်း၊ အဲ့ဒီညမှာပဲ စအရ (၉၁၆) တပ်ရင်းမှ ဗိုလ်ကြီးခိုင်ထူးလွင်အဖွဲ့က စစ်ဆေးအတည်ပြုခဲ့ပါတယ်။

အခုလို စနက်တံ သယ်ဆောင်မှုနဲ့ ပတ်သက်ပြီး ကလေးမြို့ တာဟန်းရပ်ကွက်နေ တင်ပို့သူ ဦးလွယ်သဲရဲ့ အမျိုးသမီး ဒေါ်အေးအေးမြင့်အား စစ်ဆေးရာ အခုဖမ်းဆီးရမိတဲ့ စနက်တံတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ တရားမဝင် စနက်တံတွေ သယ်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ တရားမ၀င်သယ်ဆောင်လာသူ ယာဉ်မောင်း လားလွန်းစန်းအာ၊ တင်ဆောင်ခိုင်းသူ ဦးလွယ်သဲ နဲ့ လက်ခံမယ့် ဒေါ်အေးအေးမြင့်တို့ကို ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013