DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
DVB
·
October 5, 2017
Donate to DVB

ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် တတိယတန်းကျောင်းသူ တဦးကို ထင်ပေါ်စိုး (၃၅-နှစ်) က အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ ဖြစ်စဉ်တခု အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ရေလုပ်သား ထင်ပေါ်စိုးက အသက် ၁၁ နှစ်အရွယ် မိန်းကလေးနဲ့အတူ ရွာအနောက်ဘက်ကမ်းခြေ ကျောက်ပုံအနီး ချုံတောထဲက ထွက်လာတာကို မလှမ်းမကမ်းမှာ ရှိနေကြတဲ့ တရွာတည်းနေ မောင်သက်ပိုင်စိုးနဲ့ မောင်နိုင်လင်းတို့ နှစ်ဦးက မြင်တွေ့လိုက်တာကြောင့် မိန်းကလေးရဲ့ မိဘတွေကို သွားရောက်အကြောင်းကြားခဲ့ပါတယ်။

မိန်းကလေးဟာ တဦးတည်း အိမ်ကို ပြန်လည်ရောက်ရှိလာပြီး မိဘတွေက ချော့မော့မေးမြန်းရာ သူမကို ထင်ပေါ်စိုး (၃၉-နှစ်)က အဓမ္မပြုကျင့်ဖို့ ကြံစည်တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတဆင့် ကော့သောင်းမြို့မ ရဲစခန်းကို အမှုဖွင့် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့စပ်လျဉ်းပြီး ထင်ပေါ်စိုး (၃၉-နှစ်)ကို ကော့သောင်း ရဲတပ်ဖွဲ့စခန်းက (ပ)၁၆၇၀/၂၀၁၇ ပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ကော့သောင်းမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သတင်း - Paloat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013