မကွေးတိုင်းဒေသကြီး၊ ဆိတ်ဖြူမြို့နယ်၊ ငှက်ပြာဝချောင်း ရေကျော်နေတယ်လို့ သိရပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ မိုးများပြီး ရေကျော်နေတာကြောင့် ပုဂံဘုရားဖူးတွေ အခက်ကြုံနေကြရတယ်လို့ ဘုရားဖူးလာသူတွေက ပြောပါတယ်။
ရွာခံ ဒေါ်ယုံက “ဒီနေရာမှာ တနှစ်ကို နှစ်ကြိမ်လောက်တော့ ဖြစ်တယ်။ ဒီတကြိမ်ကတော့ အများဆုံး ဖြစ်တယ်။ မနေ့ကဆို အတော်ရေစီးသန်တယ်။ ရင်ဆို့လောက်အထိကို ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွာခံ ကိုသိန်းဌေးက “တခါ မိုးများပြီး ရေကျော်ရင် သုံး လေးနာရီလောက်ထိ ရေကျော်ပြီး ခရီးသွားတွေ စောင့်ဆိုင်းနေရတာ ဖြစ်တယ်” လို့ ပြောပါတယ်။
ရွာခံ မောင်စိုးက “ခုလို ရေကျော်ရင် လူအသေအပျောက်တော့ မရှိဘူးလို့။ ခုလို သီတင်းကျွတ်လပြည့်နေ့မျိုးမှာတော့ မဖြစ်ဖူးသေးပါဘူး။ ဒီတခါပဲ ကြုံဖူးသေးတာပါ” လို့ ပြောပါတယ်။
သတင်း - ကိုကြက်











