DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အားကောင်းနေဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
DVB
·
October 5, 2017
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အားကောင်းနေဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
Donate to DVB

စိန်ခေါ်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း အားကောင်းနေတယ် လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၄ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ဒေသတွင်းရှိ နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေနဲ့ ရှေ့အလားအလာ သုံးသပ်ချက်တွေကို မြန်မာနိုင်ငံ ကမ္ဘာ့ဘဏ်ရုံးကနေ ဗီဒီယိုကွန်ဖရင့်နဲ့ ချိတ်ဆက်ထုတ်ပြန်သွားတာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၆ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး အခုနှစ်မှာတော့ ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ မျှော်မှန်းထားတာပါ။ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အစိုးရနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိပြီး ငွေကြေးဖောင်းပွနှုန်းကတော့ ရှေ့ဆက် အားပျော့လာနိုင်ဖွယ် ရှိတယ်လို့  အစီရင်ခံစာထဲမှာ သုံးသပ်ထားပါတယ်။

ရခိုင်အရေးဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် သက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ ပြောဖို့ စောနေသေးတယ်လို့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးရဲ့ ဦးဆောင်ဘောဂဗေဒပညာရှင် ဟန်းစ်အန်နက်ဘက်က  “ရခိုင်အရေးကြောင့် တိုက်ရိုက်ထိခိုက်နိုင်တဲ့ သက်ရောက်မှုကတော့ အကန့်အသတ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ဟာ သဘာဝစီးပွားရေး လုပ်ဆောင်မှုတွေမှာ နည်းပါးသေးငယ်ပြီး သူ့ထုတ်ကုန်တွေအပေါ် သွယ်ဝိုက် သက်ရောက်မှုတော့ ရှိပါတယ်”လို့ ပြောပါတယ်။

အရှေ့အာရှပစိဖိတ်ဒေသရဲ့ ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကတော့ ၆ ဒသမ ၄ ရှိမယ်လို့ မျှော်မှန်းထားပြီး၊ အဲဒီလိုဖြစ်လာရင် ဒေသတွင်းက ရေရှည်စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အခြေအနေ ပိုကောင်းလာနိုင်သလို မြန်မာ့စီးပွားရေးအတွက်လည်း အထောက်အကူ ဖြစ်နိုင်မယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားတိုးတက်မှု အခြေအနေ ကောင်းမွန်လာတာကြောင့် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို အသုံးချနိုင်မယ့် အလားအလာတွေ ရှိနေပေမယ့်လည်း ရခိုင်အရေး၊ သဘာဝဘေးနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေတယ်ဆိုတဲ့ အမြင်တွေက မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းအပေါ် သက်ရောက်နိုင်ပြီး နဂိုရှိနေပြီးသား စိန်ခေါ်မှုတွေကို ပိုဆိုးစေနိုင်တယ်လို့လဲ အစီရင်ခံစာထဲမှာ သုံးသပ်ထားတာပါ။

မြန်မာပြည်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်တွေ ခိုင်မာအားကောင်းနေပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာ နှေးကွေးနေတာနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေဆဲ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့နဲ့  ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013