DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့၌​ ဆေးလိပ်​​ငွေ့ကင်းစင်​​ကျောင်းအ​ခြေပြု မီနီမာရသွန်ပြိုင်ပွဲ​​ကျောင်းသား ၁၄၀ ခန့်​ ပါဝင်​ဆင်​နွှဲ
DVB
·
October 4, 2017
Donate to DVB

ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆေးလိပ်ငွေ့ကင်းစင်ရေးကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို အောက်တိုဘာလ ၄ ရက် မနက် ၆ နာရီမှာ ကျင်းပခဲ့ပြီး အထက်တန်းနဲ့ အလယ်တန်းကျောင်းသား ၁၄၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာက "ကျောင်းသားလူငယ်ထုကြားမှာ ဆေးလိပ်သောက်သုံးမှု လုံးဝမရှိစေဘဲ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဒီမီနီမာရသွန်ပြေးပွဲကို ကျင်းပပေးခဲ့တာပါ"လို့ ပြောပါတယ်။

ပြိုင်ပွဲဝင် ကျောင်းသား ၁၄၀ အနက်မှ ဇွဲဆု ပန်းဝင်သူ ၃၅ ဦးကို တဦးကို ကျပ် ၂၀၀၀ နှုန်း၊ ပဉ္စမဆုကျပ် ၅၀၀၀၊ စတုတ္ထဆုကျပ် ၁၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀ နဲ့ ပထမဆုကျပ် ၄၀၀၀၀ အသီးသီးချီးမြှင့်ပေးခဲ့ပါတယ်။

ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာမှ ပံ့ပိုးငွေကျပ် ၅၀၀၀၀၀ နဲ့ မြို့နယ် အား/ကာမှ ကျပ် ၁၆၀၀၀၀ ပံ့ပိုးကူညီပြီး တူညီဝတ်စုံနဲ့ ဆုများချီးမြှင့် ပေးခဲ့တာဖြစ်ကြောင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်၊ မြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ သာသနာရေးဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးတို့က ဆုများကို ချီးမြှင့်ပးအပ်ခဲ့ပါတယ်။

သတင်း - အောင်ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013