DVB Logo
Home
မြန်မာသတင်း
ကူးတို့ဆိပ် လေလံကိစ္စ ကျိုက်လတ်စည်ပင်သာယာရေးအဖွဲ့ကို စက်လှေမောင်းသူ ၅၀ ခန့် ဆန္ဒပြ
DVB
·
October 4, 2017
Donate to DVB

ဧရာဝတီတိုင်း ကျိုက်လတ်မြို့ရှိ ၂ လမ်းကူးတို့ဆိပ်ကို လေလံချထားပြီး အခွန်ကောက်ခံနေတဲ့အပေါ်မှာ ကျေနပ်မှုမရှိလို့ဆိုပြီး ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ကို စက်လှေမောင်းသူတွေနဲ့ မိသားစုဝင် ၅၀ လောက်က အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ ခွင့်ပြုမိန့်ယူပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျိုက်လတ်မြို့ ၂-လမ်း၊ ကူးတို့ဆိပ်ဟာ အရင်က အများပြည်သူ ရေချိုးဆိပ် ပြုလုပ်နေတဲ့ နေရာ ဖြစ်ပေမယ့် ၂၀၁၃ လောက်ကစပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လေလံပစ်ခဲ့ပြီး လေလံအောင်သူတွေက ဆိုက်ကပ်သမျှ စက်လှေတွေအပေါ် ဆိပ်ကမ်းအကောက်ခွန်အပြင် စည်ပင်ခွန်ပါ ထပ်မံကောက်ခံခဲ့တာကြောင့် စက်လှေမောင်းသူတွေက အခွန် ၂ ခါ ပေးဆောင်နေရတဲ့အတွက် မိသားစု စားဝတ်နေရေးတွေ ကျပ်တည်းလာလို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်လို့ စက်လှေမောင်းသူတွေက ဆိုပါတယ်။

ကူးတို့ဆိပ်ဟာ ဥပဒေနဲ့ညီတဲ့ အဆောက်အဦတွေ ဆိပ်ခံတံတားတွေ မရှိဘဲ ဆိုင်းဘုတ်တခု ထောင်ပြီးသာ ကောက်ခံနေတာ ဖြစ်တဲ့အတွက် စက်လှေဆိုက်ကပ်ခ ပေးဆောင်စရာ မလိုဘူးလို့လည်း ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။

လက်ရှိ ကူးတို့ဆိပ်ဖွင့်လှစ် ကောက်ခံနေသူများကလည်း တကယ်လေလံရရှိခဲ့သူ မဟုတ်ဘဲ တဆင့်ပြန်လည်ရောင်းချပြီး ကိုယ်စားလှယ်လွှဲ ရောင်းချကောက်ခံနေတာကိုလည်း ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရက်နဲ့ အရေးယူတာတွေ မလုပ်တဲ့အပေါ် ကျေနပ်မှုမရှိဘူးလို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။

ကျိုက်လတ်မြို့ ၂-လမ်း ကူတို့ဆိပ်ကို စည်ပင်သာယာဥပဒေတွေနဲ့အညီ လေလံစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် စက်လှေသမားတွေက ကျေနပ်မှု မရှိတာကြောင့် ၂၀၁၇ ဇွန်လကနေစပြီး ကောက်ခံခြင်း မရှိတော့ကြောင်း အခုလို ဆန္ဒဖော်ထုတ်တာကလည်း ကူးတို့ဆိပ်လေလံ ရလိုသည့် လုပ်ငန်းရှင်အချင်းချင်း ပြိုင်ဆိုင်မှုမှ ကူးတို့ဆိပ်ပျက်အောင် လပ်ဆောင်သည့် ဆန္ဒဖော်ထုတ်မှုလို့ ထင်မြင်ကြောင်း ဥပဒေအရ ရှိနေသည့် ကူးတို့ဆိပ်ကို ပျက်အောင် ဥပဒေ ပ သာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဌေးလှိုင်က ပြောပါတယ်။

ဆန္ဒဖော်ထုတ်သူများသည် ကူတို့ဆိပ် လေလံစည်းကမ်းနှင့် မကိုက်ညီသော ၂-လမ်း ကမ်းနားလမ်းကူးတို့ဆိပ် ချက်ချင်းဖျက်သိမ်းပေးရေး၊ ကူးတို့ဆိပ် လေလံရရှိသော လေလံစည်းကမ်းပျက် ဆောင်ရွက်နေကြသူများကို ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရေးယူဆောင်ရွက်ပေးရေး ပြည်သူကို မောက်မာစွာ ပြောဆိုသော ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရေးယူပေးရေး၊ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လုပ်ရပ်အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့အတူ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့အပါအဝင် ကျိုက်လတ်မြို့အနှံ့ လှည့်လည်ပြီး မနက် ၉ နာရီကနေ မနက် ၁၁ နာရီအထိ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013